အယ်လ်ဗာရက်ဇ် သာ ရောက်လာခဲ့ရင် G-A-Y တိုက်စစ်အတွဲကို ပိုင်ဆိုင်ရမယ့် ဘာစီလိုနာ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, May 29, 2026

အယ်လ်ဗာရက်ဇ် သာ ရောက်လာခဲ့ရင် G-A-Y တိုက်စစ်အတွဲကို ပိုင်ဆိုင်ရမယ့် ဘာစီလိုနာ


ဘာစီလိုနာအသင်းက အက်သလက်တီကိုရဲ့ တိုက်စစ်မှူး အယ်လ်ဗာရက်ဇ် ကို ပေါင်သန်း ၁၀၀ နဲ့ ကမ်းလှမ်းထားပြီး ကစားသမား ကိုယ်တိုင်ကလည်း အက်သလက်ကနေ ထွက်ခွာချင်တဲ့အကြောင်း အသင်းကို အသိ ပေးထားပြီးပါပြီ။ နှစ်သင်းကြားမှာ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီးတော့ပဲ ဆွေးနွေးမှု ကျန်နေတော့တာ ဖြစ်ပြီး အယ်လ်ဗာရက်ဇ် တစ်ယောက် ဘာစီလိုနာ ကို ရောက်လာဖို့က လက်ရှိအချိန်မှာတင် ၈၀ ရာခိုင်နှုန်းလောက် သေချာနေတာပါ။

.
လက်ရှိမှာ ဘာစီလိုနာ တိုက်စစ်အတွက် အန်တိုနီ ဂေါ်ဒွန်ကို ပေါင်သန်း ၇၀ နဲ့ ခေါ်ထားပြီးပြီမို့ အယ်လ်ဗာရက်ဇ်သာ ရောက်လာခဲ့ရင် ဘာစီလိုနာ တိုက်စစ်က ဂေါ်ဒွန် ရဲ့ G ၊ အယ်လ်ဗာရက်ဇ်ရဲ့ A ၊ ယာမယ်ရဲ့ Y တို့နဲ့ ပေါင်းပြီး G-A-Y တိုက်စစ်အတွဲ ဖြစ်သွားမှာပါ။
.
စ်ချိန်တုန်းက ရီးယဲလ်နဲ့ ဘာစီလိုနာတို့မှာ BBC NSM တိုက်စစ်အတွဲတွေ နာမည်ကျော်ခဲ့သလိုမျိုး GAY တိုက်စစ်အတွဲကလည်း နာမည်ကျော်မလား ဆိုပေမယ့် ဘာစီလိုနာ ပရိသတ်တွေကတော့ ဒီ တိုက်စစ်အတွဲရဲ့ နာမည်ကြီးကို သိပ် ကြိုက်မနေကြပါဘူး။
.
ဆိုရှယ်မီဒီယာပေါ်မှာတော့ ဘာစီလိုနာရဲ့ ဖြစ်လာနိုင်တဲ့ ဒီတိုက်စစ်အတွဲ နာမည်က # နဲ့တောင် တွဲထားကြရတဲ့ အခြေအနေတွေ ရောက်နေပြီး တော်တော်လေး ဟော့ ဖြစ်နေပါပြီ။
.
ဘာစီလိုနာက ဒီရာသီအပြီးမှာ အပြောင်းအရွှေ့ဈေးကွက်ထဲ တော်တော်လေး တိုးဝင်နေပြီး မန်စီးတီးကနေ ထွက်ခွာမယ့် ဘာနာဒိုဆေးလ်ဗားလည်း ဘာစီလိုနာအသင်းဆီ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရောက်လာဖို့ သဘောတူညီမှု ရရှိခဲ့ပြီးပြီလို့ သိရပါတယ်။
.
ဘာနာဒိုဆေးဗား ရောက်လာဖို့ ရှိတာကြောင့် မန်ယူတိုက်စစ်မှုး ရက်ရှ်ဖို့ဒ်ကို အပြီးသတ် ခေါ်ယူဖို့ မဖြစ်နိုင်တော့တဲ့ အကြောင်း ဘာစီလိုနာဖက်ကနေ မန်ယူအသင်းကို အကြောင်းကြားထားတယ်လို့လည်း သတင်းတွေက ဖော်ပြနေကြပါတယ်။

No comments:

Post a Comment

Pages