.
၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊
တပင်ရွှေထီးလမ်းရှိ နာရီစင်ညဈေးမှ ဈေးသည်များအား ကုန်သည် လမ်းရှိ ယာယီညဈေးသို့ ယနေ့
မေလ ၁၅ ရက်အပြီး ပြောင်းရွှေ့ခိုင်းထားသော်လည်း တောင်းဆိုမှုများ ရှိသည့်အတွက် တစ်ရက်
နောက်ဆုတ်ပေးထားသည်ဟု သိရသည်။
,
.“ဒီနေ့ကပြဿဒါးဖြစ်နေလို့ မနက်ဖြန်မှ
ရွှေ့ပါရစေဆိုပြီး ပြောလို့ ခွင့်ပြုပေးလိုက်ပါတယ်” ဟု တောင်ကြီး မြို့နယ်စည်ပင်သာယာရေးဌာနမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
အဆိုပါ နာရီစင်ညဈေးရှိ ဈေးသည်များကို မူလက ယနေ့
မေလ ၁၅ ရက် နောက်ဆုံးထား ပြောင်းရွှေ့ပေးရန် စည်ပင်သာယာရေးဌာနက
ညွှန်ကြားထားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဈေးအိမ်သာနှင့် ရေတွင်းတူးဖော်ခြင်း လုပ်ငန်းများကို
ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။
.
“မနက်ဖြန် ရွှေ့ရမှာပါ။ ဟိုဘက်ကလည်း မပြီးသေးလို့
နည်းနည်းလေး ရက်ဆုတ်ချင်တာတောင် မရပါဘူး” ဟု ဈေးသည်တစ်ဦးက ပြောသည်။
.
ယင်းကဲ့သို့ ကုန်သည်လမ်းရှိ ယာယီညဈေး နေရာသို့
ပြောင်းရွှေ့ရပါက ရရှိမည့် ဆိုင်ခန်းနေရာ ကျဉ်းမြောင်း သွားပြီး
ဈေးရောင်းချရန်နှင့် ပစ္စည်းများ သိမ်းဆည်းပြောင်းရွှေ့ရန် အခက်အခဲများ
ဖြစ်ပေါ်လာနိုင်ကြောင်း ဈေးသည်များက ပြောဆိုကြသည်။
.
ထို့အပြင် ညဈေးတန်းနှင့် မသက်ဆိုင်သော သား၊
ငါးဆိုင်များကိုလည်း ယာယီညဈေးတွင် နေရာပေးထား သည့်အတွက် ညဈေးတန်း ဈေးသည်များ
ရရှိသည့် နေရာ ကျဉ်းမြောင်းသွားကြောင်း ဈေးသည်တစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့၊ တပင်ရွှေထီးလမ်းရှိ နာရီစင်ညဈေး
နေရာတွင် သီဟကုမ္ပဏီမှ ၇ ထပ် ကားပါကင် အဆောက်အဦ ဆောက်လုပ်မည်ဖြစ်သည့်အတွက်
ယင်းနေရာရှိ ဈေးသည်များကို မြို့မဈေး မြောက်ဘက်၊ ကုန်သည်လမ်းတွင် ယာယီ နေရာချထားပေးခြင်းဖြစ်ကြောင်း
သိရသည်။
.

No comments:
Post a Comment