တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်၊ ဒုတိယပုံမှန်အစည်းအဝေးကို ဇွန်လ ၉ ရက်တွင် ပြုလုပ်သွားမည်
ဖြစ်ကြောင်း ရှမ်းပြည်နယ်လွှတ်တော်ရုံးထံမှ သိရသည်။
.
ရှမ်းပြည်နယ်လွှတ်တော်
ဥက္ကဌ စိုင်းလုံကျော်က “ ဇွန်လ၊ ဒုတိယအပတ်လောက် ဖြစ်မယ်။” ဟု အစည်းအဝေး ပြုလုပ်မည့်
အခြေအနေကို ပြောသည်။
.
ရှမ်းပြည်နယ်လွှတ်တော်၊
ပထမပုံမှန် အစည်းအဝေးကို ပြီးခဲ့သည့် မတ်လနှင့် ဧပြီလအတွင်းက ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး
ယင်း အစည်းအဝေးတွင် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ၊
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်
ဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များ၊ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ၊
ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊
ပြည်နယ်တရားသူကြီးများ ခန့်အပ်တာဝန်ပေးခြင်း၊ လွှတ်တော်ရေးရာကော်မတီ
၄ ခု ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ရှမ်းပြည်နယ်လွှတ်တော်တွင် ပြည်ခိုင်ဖြိုးပါတီ (USDP) မှ ၅၉ ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP) မှ ၂ဝ ဦး၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ (PNO) မှ ၁၁ ဦး၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ ၃ ဦး၊ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီမှ ၃ ဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ၂ ဦး၊ အာခါ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၁ ဦးနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၃၃ ဦး၊ စုစုပေါင်း ၁၃၂ ဦး ပါဝင်သည်။


No comments:
Post a Comment