.
၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက်
.
သီးလေးသီး အဖွဲ့ဝင် လူရွှင်တော် ပန်းသီး (ခ) မျိုးဇော်သည်
ယနေ့ မေလ ၂၉ ရက်က အသည်းရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း လူရွှင်တော်အသိုင်းအဝိုင်းထံက
သိရသည်။
.
.ဇာဂနာဦးဆောင်ခဲ့သည့် သီး ၄ သီး လူရွှင်တော်အဖွဲ့သည်
ပရိသတ်အားပေးမှုကို ရရှိခဲ့သည့် အဖွဲ့တစ်ခု ဖြစ်သော်လည်း နောက်ပိုင်းတွင် နိုင်ငံရေးအခြေအနေများကြောင့်
လူစုကွဲသွားသွားရခြင်းဖြစ်ကြောင်း သိရသည်။
.
လူရွှင်တော် သရုပ်ဆောင် ငှက်ပျောကြော်က ပန်းသီး
(ခေါ်) မျိုးဇော် ကွယ်လွန်ကြောင်းကို ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် အသိပေးထားသည်။
.
“လူရွှင်တော်
ပန်းသီး(မျိုးဇော်)ကောင်းရာသုဂတိလားပါစေကွာ။ စိတ်မကောင်းခြင်းများစွာဖြစ်ရပါတယ်” ဟု
ငှက်ပျောကြော်က ၎င်း၏ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။
.
လူရွှင်တော် ပန်းသီးသည် အသည်းရောဂါကြောင့်
ရန်ကုန်မြို့ ဂရန်းဟံသာဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ခြင်းဖြစ်ပြီး ယနေ့ မေလ ၂၉ ရက်၊
နေ့လယ် ၁ နာရီ ၂၀ မိနစ်အချိန်တွင် ဆုံးပါးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ပန်းသီး၏ ဆရာဖြစ်သည့် ဇာဂနာကလည်း ၎င်း၏လူမှုကွန်ယက်တွင်
ပန်းသီး ကွယ်လွန်သွားသည့်အတွက် စိတ်မကောင်း ဖြစ်ရကြောင်း ပရိသတ်ကို အသိပေးထားသည်။
.
.

No comments:
Post a Comment