အင်းလေးဒေသကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းဖွဲ့စည်းရန် ဟူသော စာအတု ပျံ့နှံ့နေပြီး မဟုတ်မှန် ဟုဆို - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, May 30, 2026

အင်းလေးဒေသကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းဖွဲ့စည်းရန် ဟူသော စာအတု ပျံ့နှံ့နေပြီး မဟုတ်မှန် ဟုဆို

.

၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းဖွဲ့စည်း ရန် ဟူသော စာတစ်စောင် အွန်လိုင်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေပြီး အဆိုပါစာမှာ အတုသာဖြစ်သည်ဟု PNO ပြန်ကြားရေးမှ တာဝန်ရှိသူက ငြင်းဆိုခဲ့သည်။

.

.

အထူးဒေသ (၆) PNO အသွင်ပြောင်း ပြည်သူ့စစ်ဌာနချုပ် ကွပ်ကဲမှုဌာနချုပ်ရုံး ဟု ဖော်ပြထားသည့် အဆိုပါ စာတွင် PNO အနေဖြင့် အင်းလေးဒေသအတွင်းရှိ ကျေးရွာများတွင် အမျိုးသားရေး စည်းရုံးခြင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တိုးချဲ့ရေး စသည့်လုပ်ငန်းစဉ်များကို အလေးဂရုပြု စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဟု ဖော်ပြထားသည်။

.

“ထုတ်ပြန်ချက် မရှိပါဘူး။ စာအတုပါ။ အထူးဒေသ ကတော့ သူ့ပေါ်လစီနဲ့သူသွားတာ ရှိပါတယ်။ လူမျိုးရေး ပြဿနာတွေ မဖြစ်ပွားအောင်၊ ဒီဒေသကို ပြန်လည်တည်ငြိမ်ရေး လုပ်ဆောင်တဲ့အခါမှာ အများကြီး အခက် အခဲတွေ ရှိခဲ့တယ်။ အများကြီး ပေးဆပ်ထားရတဲ့ အတွက်ကြောင့် တည်ငြိမ်အောင်ပဲ ကြိုးစားကြပါလို့ ပြောချင်ပါတယ်။ သတင်းအမှားတွေကို ထုတ်လွှင့်နေသူတွေ အနေနဲ့လည်း မလုပ်စေချင်ပါဘူး” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

.

PNO အသွင်ပြောင်းပြည်သူ့စစ် ဌာနေအဖွဲ့သည် ၁၉၉၁ ခုနှစ်တွင် နဝတအစိုးရနှင့် ငြိမ်းချမ်းရေး ရယူပြီးနောက် ၂၀၀၉ ခုနှစ်တွင် ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

.

No comments:

Post a Comment

Pages