လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ်တွေကို ဒစ်ဂျစ်တယ်စနစ်ပြောင်းမယ့် ထိုင်း - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, May 29, 2026

လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ်တွေကို ဒစ်ဂျစ်တယ်စနစ်ပြောင်းမယ့် ထိုင်း

.

၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက်

.

ထိုင်းနိုင်ငံမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ဆိုင်တဲ့ လုပ်ငန်းစဉ်တွေကို အောက်တိုဘာ ၁ ရက်နေ့က စပြီး ဒစ်ဂျစ်တယ်စနစ်နဲ့ ဆောင်ရွက်နိုင်တော့မှာဖြစ်ပါတယ်။

.

.

ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့ချုပ်နဲ့ အမေဇုန်နဲ့ နည်းပညာဌာနတို့ ပူးပေါင်းပြီး ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးစီမံခန့်ခွဲမှုစနစ် (THIM) ကို ဖန်တီးကြမှာပါ။

.

ဒီစနစ်က ထိုင်းနိုင်ငံရဲ့ ပထမဆုံး ဝက်ဘ်ဆိုက်နဲ့ မိုဘိုင်းပလက်ဖောင်း အခြေပြု လူဝင်မှုကြီးကြပ်ရေး စနစ်လည်း ဖြစ်လာမှာပါ။

.

THIM ဆိုတဲ့ App ကို ထိုင်းအစိုးရက ထုတ်လုပ်ပေးမှာဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုတွေ ခေတ်မီစေဖို့လို့ အစိုးရတာဝန်ရှိသူတွေက ဆိုပါတယ်။ တစ်နှစ်ကို နိုင်ငံခြားခရီးသွား သန်း ၃၀ လောက် ဝင်ရောက်နေတဲ့ ထိုင်းနိုင်ငံက ဒီ App ကို နိုင်ငံခြားခရီးသွားတွေအတွက် ရည်ရွယ်ပြီး ထုတ်မှာပါ။

.

ဒီ App က နိုင်ငံတွင်း လာရောက် အလုပ်လုပ်ကိုင်နေသူတွေ အတွက်လည်း စာရွက်စာတမ်း တင်နေရမှု တွေကို လျှော့ချပေးနိုင်ဖို့ ရည်ရွယ်ထားပြီး နောက်ပိုင်းမှာ လေဆိပ်တွေမှာပါ အသုံးပြုနိုင်ဖို့ စီစဉ်ထားတာပါ။

.

ထိုင်းနိုင်ငံက ပြီးခဲ့တဲ့နှစ်ကစပြီး ဝက်ဆိုက်အခြေပြု ထိုင်းခရီးသွား ဆိုက်ရောက်ကတ်ပြားကို စတင် အသုံးပြုခဲ့တာ ဖြစ်ပြီး ခရီးသွား ၁၀ သန်းကျော်ကို ဒစ်ဂျစ်တယ်စနစ်နဲ့ စီမံမှု အစပျိုးခဲ့တာပါ။ ဒါပေမဲ့ မကြာခဏ လာရောက်ကြသူတွေက သူတို့ရဲ့ခရီးစဉ်တိုင်းမှာ ဖောင်တွေပြန်ဖြည့်နေရတာ အဆင်မပြေတဲ့ အကြောင်း တိုင်ကြားခဲ့ကြပါတယ်။

.

အခု အောက်တိုဘာမှာ စမယ့် THIM မှာတော့ ခရီးသွားတွေက ကိုယ်ရေးအချက်အလက်ကို တစ်ကြိမ်သာ အပြည့် ဖြည့်ရမှာဖြစ်ပြီး နောက်ထပ်လာရောက်မယ့် ခရီးစဉ်တွေမှာတော့ Flight Number နဲ့ ပြန်မယ့်ရက်စွဲ စတဲ့အချက်အလက်အနည်းငယ်ကိုသာ ဖြည့်ရတော့မှာဖြစ်ပါတယ်။

.

ခရီးသွားတွေက ဒီ App သုံးလိုက်ရင် လူဝင်မှုကြီးကြပ်ရေးကောင်တာမှာ QR ကုတ် ပြစရာမလိုတော့ပဲ ပတ်စ်ပို့ကို တိုက်ရိုက် စကန်ဖတ်လိုက်ရုံနဲ့ အရာရှိတွေက စစ်ဆေးပေးနိုင်မှာဖြစ်ပါတယ်။

.

လက်ရှိမှာတော့ ဒီ App မှာ အင်္ဂလိပ်၊ ရုရှား၊ ဂျပန်နဲ့ တရုတ်ဘာသာ တွေကို အသုံးပြုမှာဖြစ်ပြီး နောက်ပိုင်းမှာ ဘာသာစကား ၁၅ မျိုးလောက်အထိ တိုးချဲ့သွားဖို့ စီစဉ်ထားပါတယ်။

.

Source – Bangkok Post

.

No comments:

Post a Comment

Pages