- Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, May 14, 2026


၂၀၂၃ ခုနှစ်ကတည်းက အယ်လ်နက်ဆာအတွက် ကစားခဲ့ပြီး ၃ နှစ်ကြာ ဖလားလက်မဲ့ ဖြစ်နေသူ ရော်နယ်ဒို အတွက်တော့ ဒီရာသီမှာ ဆုဖလား ၂ လုံး ရရှိနိုင်ဖို့ ၂ ပွဲသာ လိုပါတော့တယ်။ ဆော်ဒီပရိုလိဂ်မှာ ဒါမက် အသင်းနဲ့ နောက်ဆုံးပွဲစဉ် ကစားရမှာ ဖြစ်ပြီး အဲဒီပွဲကို နိုင်တာနဲ့ ရော်နယ်ဒိုရဲ့ အသင်းက ချန်ပီယံ ဖြစ်ပါပြီ။ ဒါ့အပြင် အာရှချန်ပီယံလိဂ် ၂ မှာလည်း ဂျပန်ကလပ် အိုဆာကာ အသင်းနဲ့ ဗိုလ်လုပွဲ ကစားရမှာ ဖြစ်ပြီး အဲဒီပွဲကလည်း ရော်နယ်ဒိုရဲ့ ဆုဖလား မျှော်လင့်ချက်အတွက် အဆုံးအဖြတ် ဖြစ်လာခဲ့ပါတယ်။

.
လက်ရှိ ဆော်ဒီပရိုလိဂ်ရဲ့ အမှတ်ပေးဇယားမှာတော့ အယ်နက်ဆာက ဒုတိယနေရာက အယ်ဟီလယ်အသင်းကို တစ်ပွဲ ပိုကစား၊ ၅ မှတ်အသာနဲ့ ဦးဆောင်နေတာပါ။ ဒါပေမယ့် နောက်ဆုံးပွဲမှာ အယ်နက်ဆာတို့ ရှုံးသွားခဲ့ပြီး အယ်လ်ဟီလယ်က ၂ ပွဲလုံး နိုင်သွားမယ်ဆိုရင် ရော်နယ်ဒိုအတွက် ဆုဖလားမျှော်လင့်ချက် ပြန်လည် ဝေးကွာဦးမှာပါပဲ။
.
ရော်နယ်ဒိုက AFC ချန်ပီယံလိဂ် ၂ ရဲ့ အုပ်စုပွဲတွေမှာ အနားယူပြီး ကစားပေးခြင်း မရှိပေမယ့်လည်း ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်ပွဲတွေမှာ ဝင်ရောက် ကစားပေးခဲ့ပြီး အသင်းအတွက်လည်း ဂိုးတွေ သွင်းယူပေးနိုင်ခဲ့ပါတယ်။
.
ရော်နယ်ဒိုဟာ ဘောလုံးသမိုင်းတစ်လျောက် တရားဝင် သွင်းဂိုး ၁၀၀၀ ပြည့်ဖို့ အနီးစပ်ဆုံး ကစားသမား အဖြစ်လည်း ရောက်ရှိနေပြီး လက်ရှိမှာ စုစုပေါင်း သွင်းဂိုး ၉၇၁ ဂိုး ရရှိထားပြီမို့ နောက်ထပ် ၂၉ ဂိုးသာ လိုပါတော့တယ်။

No comments:

Post a Comment

Pages