နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးသူ အများအပြားရှိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, May 31, 2026

နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးသူ အများအပြားရှိ

.

၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက်

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာတွင် ယနေ့ မေလ ၃၁ ရက်၊ နေ့လယ်ပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ အများအပြား ရှိကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။

.


.

TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာ ဘုန်းကြီးကျောင်းအနီးတွင် ယနေ့ မေလ ၃၁ ရက်၊ နေ့လယ် ၁၂ နာရီခွဲခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံး၊ ဒဏ်ရာရသူ များပြားကာ နေအိမ် အများအပြားလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

.

နောက်ဆုံးရရှိထားသော သတင်းများအရ အဆိုပါ ပေါက်ကွဲမှုအတွင်း လူ ၂၀ ကျော် သေဆုံး၍ ၇၀ ကျော် ဒဏ်ရာ ရသည်ဟု သိရသော်လည်း အရေအတွက် အတိအကျကိုမူ အတည်မပြုနိုင်သေးချေ။

.

ပေါက်ကွဲမှုမှာ မိုင်းတွင်း ကျောက်ထုတ်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် သိုလှောင်ထားသော ယမ်းပျော့များ မတော်တဆ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း PSLF/TNLA က သတင်းထုတ်ပြန်ထားသည်။

.

Photo – Ta'ang Women's Organization

.

No comments:

Post a Comment

Pages