မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းသမားဟောင်း တရားမဝင် အလုပ်သမား သယ်ဆောင်မှုနဲ့ ထိုင်းမှာ အဖမ်းခံရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, May 13, 2026

မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းသမားဟောင်း တရားမဝင် အလုပ်သမား သယ်ဆောင်မှုနဲ့ ထိုင်းမှာ အဖမ်းခံရ

.

၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်

.

မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းသမား “မင်းသားကြီး” ကို တရားမဝင်အလုပ်သမားများ သယ်ဆောင်မှုနဲ့ ဖမ်းဆီးထားကြောင်း ထိုင်းသတင်းများအရ သိရသည်။

.

.

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်၊ ဝမ်နွဲ့မြို့အတွင်း၌ တရားမဝင်အလုပ်သမားများ သယ်ဆောင်လာသည်ကို သတင်းအရ စောင့်ကြိုစစ်ဆေးရာမှ မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းကစားသမားဟောင်းတစ်ဦးကို တရားမဝင် တင်ဆောင်လာသည့် အလုပ်သမား ၁၃ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာန များတွင် ဖော်ပြနေကြသည်။

.

ဖမ်းဆီးခံရသူမှာ မြန်မာ့ပိုက်ကျော်ခြင်းလောကတွင် လူသိများပြီး “မင်းသားကြီး” ဟု နာမည်ပြောင် ရထားသည့် ပိုက်ကျော်ခြင်း ကစားသမားတစ်ဦးဖြစ်ကြောင်းနှင့် ဖမ်းဆီးခံရသည်မှာ မှန်ကန်ကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့် ACC ကိုရဲမင်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် မျှဝေထားသည်။

.

မြန်မာ့ခြင်းလုံး လက်ရွေးစင်ဟောင်း၊ အားလုံးသိရှိတဲ့ နာမည်ကြီး ခြင်းလုံးသမားတစ်ဦး၊ တရားမဝင် မြန်မာအလုပ်သမားတွေကို မှောင်ခိုချိတ်ဆက် သယ်ဆောင်ပွဲစားလုပ်မှုနဲ့ ထိုင်းနိုင်ငံ၊ အယုဒ္ဓယ၊ ဝမ်နွဲ့ခရိုင်မှာ မြန်မာအလုပ်သမား ၁၃ ဦးနဲ့အတူ ထိုင်းရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်း ခံလိုက်ရပါတယ်” ဟု ကိုရဲမင်းက ရေးသားထားသည်။

.

မင်းသားကြီး မောင်းနှင်လာသည့် မော်တော်ယာဉ်အတွင်း၌ တရားမဝင် လိုက်ပါလာသော အလုပ်သမား ၁၃ ဦးကို တွေ့ခဲ့ရပြီး မြန်မာဖက်ခြမ်းရှိ လူကုန်ကူးပွဲစားများနှင့် ချိတ်ဆက်ကာ အလုပ်သမားများကို ထိုင်းနိုင်ငံ အတွင်းပိုင်းသို့ ပို့ဆောင်ပေးသည့် လမ်းပြပွဲစားအဖြစ် လုပ်ကိုင်နေသည်ဟု ထိုင်းရဲတပ်ဖွဲ့က စွပ်စွဲထားသည်။

.

ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးမှုများအရ မင်းသားကြီးသည် နယ်စပ်မှတစ်ဆင့် ဝင်ရောက်လာသော အလုပ် သမားများကို ဘန်ကောက်နှင့် ပတ်ဝန်းကျင်ဒေသများသို့ လိုက်လံပို့ဆောင်ပေးသူအဖြစ် တာဝန်ယူထား ကြောင်း သိရသည်။

.

မင်းသားကြီးသည် ထိုင်းနိုင်ငံအတွင်း လောင်းကြေးမြင့် ပိုက်ကျော်ခြင်းပွဲများတွင် နာမည်ကြီးသူဖြစ်ပြီး မြန်မာပိုက်ကျော်ခြင်းပရိသတ်များအကြား လူသိများသူလည်း ဖြစ်သည်။

.

No comments:

Post a Comment

Pages