.
၂၀၂၆ ခုနှစ်၊ မေလ ၉ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်နှင့် ကျိုင်းတောင်းမြို့အနီးတွင်
ယမန်နေ့ မေလ ၈ ရက်က အွန်လိုင်းလိမ်လည်လောင်းကစား ပြုလုပ်သူများကို အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ
ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
.
.လုံခြုံရေးပူးပေါင်းအဖွဲ့များသည် နယ်မြေရှင်းလင်းရေး
ဆောင်ရွက်နေစဉ် ယမန်နေ့ မေလ ၈ ရက်၊ နံနက်ပိုင်း က လဲချားမြို့နယ်၊ ဆီးဆောကျေးရွာ၏ အရှေ့တောင်ဘက်မီတာ
၆၈၀၀ ခန့်အကွာ၌ အွန်လိုင်း လိမ်လည် လောင်းကစားမှု ကျူးလွန်သူ တရုတ်နိုင်ငံသား
အမျိုးသား ၁၃ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၁၈ ဦးတို့အား
အလျား ၁၂၀ ပေ အနံ ၃၀ ပေရှိ လူနေတဲ ၂ လုံး၊ အလျား ၁၂၀ ပေ အနံ ၃၀ ပေရှိ
လုပ်ငန်းသုံးတဲ ၁ လုံး၊ အလျား ၈၀ ပေ အနံ ၃၀ ပေရှိ မီးဖိုဆောင် ၁ လုံး၊ All
In One ၂ လုံး၊ မီးစက် အလတ် ၁ လုံး၊ ပါဝါစတေရှင်(အကြီး) ၂ လုံးနှင့်
ဖျက်ဆီးထားသည့် ဖုန်းမျိုးစုံ ၉၀ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
.
ဆက်လက်ပြီး လုံခြုံရေးပူးပေါင်းအဖွဲ့များသည်
နယ်မြေရှင်းလင်းခြင်းနှင့် ရှာဖွေ ဖော်ထုတ်စစ်ဆေးခြင်း လုပ်ငန်းများအား
ဆက်လက်ဆောင်ရွက်ခဲ့ရာ ဆီးဆောကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၁၂၀၀ ခန့်အကွာ၌
အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၁၂
ဦးတို့အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
ထို့အတူ ယမန်နေ့ မေလ ၈ ရက်၊ နေ့လယ်ပိုင်းက ကျိုင်းတောင်းမြို့၏
တောင်ဘက်မီတာ ၁၂၀၀၀ ခန့်အကွာ မိုင်းပန်-ကျိုင်းတောင်းသွား ကားလမ်းအနီး၌
တရားမဝင်အွန်လိုင်းလောင်းကစားမှုကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၆ ဦးအား
ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိသူများကို လိုအပ်သည့် စစ်ဆေးမှုများ
ပြုလုပ်ပြီး တည်ဆဲဥပဒေများနှင့်အညီ ထိရောက် ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကာ
သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရသည်။
.

No comments:
Post a Comment