အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှုမှာ ပျောက်ဆုံးနေတဲ့ တောင်တက်သမား ၃ ဦးကို ရှာဖွေရေးစတင် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, May 9, 2026

အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှုမှာ ပျောက်ဆုံးနေတဲ့ တောင်တက်သမား ၃ ဦးကို ရှာဖွေရေးစတင်

.

၂၀၂၆ ခုနှစ်၊ မေလ ၉ ရက်
.
အင်ဒိုနီးရှားနိုင်ငံထဲက ဒူကိုနို မီးတောင် ပေါက်ကွဲမှုမှာ ပျောက်ဆုံးနေဆဲ ဖြစ်တဲ့ တောင်တက်သမား ၃ ဦးကို ရှာဖွေရေး လုပ်နေကြပါပြီ။
.

.
မီးတောင်က ဆက်လက် ပေါက်ကွဲနေဆဲ ဖြစ်တာကြောင့် ရှာဖွေရေး လုပ်ငန်းတွေက အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး ကယ်ဆယ်ရေး သမားတွေ၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အနည်းဆုံး အယောက် ၁၀၀ ကို ရှာဖွေရေးအတွက် စေလွှတ်ထားပါတယ်။
.
ဟာလ်မာဟီရာကျွန်းမှာ ရှိတဲ့ ဒူကိုနို မီးတောင်ဟာ သောကြာ ညပိုင်းအထိ ဆက်လက် ပေါက်ကွဲနေခဲ့ပြီး ဒီနေ့မနက် ပေါက်ကွဲမှု ခဏတာ ငြိမ်သက် သွားချိန်မှာမှ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ကိုင် နိုင်ခဲ့တာပါ။
.
ပျောက်ဆုံးနေသူ ၃ ဦးကို ကယ်ဆယ်နိုင်ဖို့အတွက် အပူအာရုံခံ ဒရုန်းတွေကိုပါ အသုံး ပြုထားတဲ့အကြောင်း ဒေသခံ ကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲ အီဝန်က ရိုက်တာသတင်းဌာန ကို ပြောပါတယ်။
.
ပျောက်ဆုံးနေသူတွေက စင်ကာပူနိုင်ငံသား ၂ ယောက်နဲ့ အင်ဒိုနီးရှား နိုင်ငံသား တစ်ယောက်တို့ ဖြစ်ပြီး မီးတောင် အပေါက်ရဲ့ မီတာ ၇၀၀ ဝန်းကျင်ကို အဓိက ထား ရှာဖွေနေကြပါတယ်။
.
ဒူကိုနို မီးတောင်ဟာ သောကြာနေ့ မနက်ပိုင်းမှာ ပေါက်ကွဲခဲ့တာ ဖြစ်ပြီး ပြာမှုန့်တွေဟာ လေထုအမြင့် ၁၀ ကီလိုမီတာလောက်အထိ ပျံ့နှံ့နေခဲ့တာပါ။
.
ပေါက်ကွဲမှု ဖြစ်ပွားချိန်မှာ တောင်စောင်းပေါ်မှာ တောင်တက်သမား ၂၀ ဦးအထိ ရှိနေပြီး ၁၇ ဦးကို ကယ်ဆယ်နိုင်ခဲ့တာပါ။ စင်ကာပူနိုင်ငံသား ၇ ဦးနဲ့ အင်ဒိုနီးရှားနိုင်ငံသား ၁၀ ဦးတို့ကို ကယ်တင်နိုင်ခဲ့တာ ဖြစ်ပြီး အသက်ရှင် ကျန်သူတွေရဲ့ ပြောကြားချက်အရတော့ ပျောက်ဆုံးနေသူ ၃ ဦးဟာ သေဆုံးသွားခဲ့ပြီလို့ သိရပါတယ်။
.
ဒါပေမယ့်လည်း သေဆုံးမှုကို တရားဝင် အတည် မပြုနိုင်သေးတာမို့ ရှာဖွေရေး လုပ်ငန်းတွေကို ဆက်ပြီး လုပ်ဆောင်နေရတာပါ။
.
မီးတောင် စောင့်ကြည့်ရေးအေဂျင်စီရဲ့ ထုတ်ပြန်ချက် အရတော့ ဒီနေ့ မနက်ပိုင်းမှာတင် ပေါက်ကွဲမှု ၄ ကြိမ် ထပ်မံဖြစ်ခဲ့ပြီး တတိယ အမြင့်ဆုံး သတိပေးချက်ကို ထုတ်ပြန် ကြေညာထားပါတယ်။
.
ဒေသခံတွေနဲ့ ခရီးသွားတွေကိုလည်း မီးတောင်အဝကနေ ၄ ကီလိုမီတာအတွင်း မသွားကြဖို့ သတိ ပေးထားပြီး အနီးအနားက ရွာတွေကိုလည်း ရွှေ့ပြောင်းမှုတွေလု ပ်ဖို့ စီစဉ်နေကြပါတယ်။
.

No comments:

Post a Comment

Pages