.
၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်
.
အပြုံးချိုချိုလေးနဲ့ ပရိသတ်တွေကို
အမြဲဆွဲဆောင်လေ့ရှိတဲ့ မင်းသားချော ကင်ဆွန်းဟို ရဲ့ ဇာတ်လမ်းတွဲ အသစ် မကြာခင်
ထွက်လာတော့မှာဖြစ်ပြီး ဝါရင့်သရုပ်ဆောင် ကင်ယွန်းဆော့နဲ့ အတူ တွဲပြီးမြင်ရမှာပါ။
.
.“May the Congressman Protect You” လို့နာမည်ပေးထားတဲ့ ဇာတ်ကားက အချိန်ခရီးသွား ဇာတ်ကားမျိုး ဖြစ်ပြီး
လူကြိုက်များတဲ့ အွန်လိုင်းဝတ္တုတစ်ပုဒ်ကို အခြေခံရိုက်ကူးထားတာပါ။
.
နိုင်ငံရေးပညာရှင်လည်းဖြစ်၊
လွှတ်တော်အမတ်လည်းဖြစ်တဲ့ ဂိုယောင်ဂျင်း (ကင်ယွန်းဆော့)က ဝိဉာဉ်အဖြစ် အတိတ်ကို
ပြန်ရောက်လာခဲ့ပြီး နိုင်ငံရေးအကြောင်း ဘာမှနားမလည်တဲ့ အဆင့် (၉) အစိုးရဝန်ထမ်း
ချာဂျေရင်း (ကင်ဆွန်းဟို) နဲ့အတူ နိုင်ငံရေးလောကထဲ ပြန်ဝင်လာဖို့
ကြိုးစားပုံတွေကို တွေ့ရမှာပါ။
.
ဒီဇာတ်ကားရဲ့ ဒါရိုက်တာအဖြစ် “Our
Unwritten Seoul” ဇာတ်ကားနဲ့ ၆၂ ကြိမ်မြောက် ဘက်ဆန်း ဆုပေးပွဲမှာ
အကောင်းဆုံးဒါရိုက်တာဆုရခဲ့တဲ့ ပတ်ခ်ရှင်ဝူး က ရိုက်ကူးမှာဖြစ်ပြီး
ဇာတ်ညွှန်းကတော့ “The Prince of Confession” ကို
ရေးသားခဲ့တဲ့ ဂွမ်ဂျုံကွမ်က တာဝန်ယူမှာဖြစ်ပါတယ်။
.
ဇာတ်လမ်းအကျဉ်းကို ပြန်ပြောရရင်တော့ ၆
ကြိမ်ဆက်တိုက်၊ လွှတ်တော်အမတ်အဖြစ် အရွေးခံခဲ့ရတဲ့ အတွေ့အကြုံရင့် နိုင်ငရေးသမား
ကင်ယွန်းဆော့ က အကျင့်ပျက်ချစားမှု အရှုပ်အထွေးတစ်ခုထဲ ပါဝင်ခဲ့ပြီး
အသက်သေဆုံးသွားခဲ့ပါတယ်။ အဲဒီနောက်တော့ ဝိဉာဉ်အဖြစ် အတိတ်ကို ပြန်လာပြီး သူ့ဘဝကို
ပြန်ပြင်ဆင်ဖို့ကြိုးစားရင်း နိုင်ငံရေးလောကထဲ ပြန်ဝင်လာဖို့
ရုန်းကန်သွားမယ့်ဇာတ်လမ်းပါ။
.
ကင်ဆွန်းဟိုကတော့ နိုင်ငံရေးကို
လုံးဝမသိတဲ့အဆင့် (၉) ဝန်ထမ်းတစ်ယောက်ဖြစ်ပေမဲ့ ကင်ယွန်းဆော့ ကြောင့်
နိုင်ငံရေးလောကထဲ ဘုမသိဘမသိ ရောက်သွားခဲ့တာပါ။ ပိုင်ဆိုင်မှုမရှိ၊ လောဘမရှိပဲ
နေ့စဉ်ဘဝကို ရိုးရိုးရှင်းရှင်းဖြတ်သန်းချင်တဲ့ ဆွန်းဟို ဟာ
ဝိဉာဉ်နိုင်ငံရေးသမားကြောင့် သူ့ဘဝမှာ ထင်မှတ်မထားတဲ့ အကြောင်းအရာတွေနဲ့
ရင်ဆိုင်ရပါတော့တယ်။
.
ကင်ယွန်းဆော့က “အရမ်းတော်တဲ့ သရုပ်ဆောင်တွေနဲ့
အလုပ်လုပ်ခွင့်ရတာ စိတ်လှုပ်ရှားမိပါတယ်။ ဒီလို ပရောဂျက် ကောင်းကောင်းတစ်ခုနဲ့
ဆုံရတာက ဝမ်းသာဖို့ကောင်းပြီး ပရိသတ်တွေအတွက် မမေ့နိုင်တဲ့ အမှတ်တရတွေ
ကျန်ခဲ့အောင် ကြိုးစားသွားပါ့မယ်” လို့ ဆိုပါတယ်။
.
ကင်ဆွန်းဟိုကတော့ “လေးစားရတဲ့ စီနီယာကြီးတွေနဲ့
အတူတွဲပြီး သရုပ်ဆောင်ခွင့်ရတာ အရမ်းကောင်း ပါတယ်။ ကျွန်တော်က မူရင်း
အွန်လိုင်းဝတ္တုကိုလည်း သဘောကျခဲ့ပြီး ဇာတ်ညွှန်းကလည်း စိတ်ဝင်စား စရာပါ။
ရိုက်ကူးရေးအပြီး ထွက်လာမယ့် ဇာတ်ကားကို မစောင့်နိုင်ပဲဖြစ်နေပါပြီ” လို့
ပြောဆိုသွားခဲ့ပါတယ်။
.

No comments:
Post a Comment