.
၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်
.
တောင်ကြီးမြို့နယ်၊ နန်းဟူးကျေးရွာအုပ်စု၊ ပေါမူကျေးရွာတွင်
ယနေ့ မေလ ၃၀ ရက်၊ နေ့လယ်ပိုင်းက နယုန်လပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ပအိုဝ်း ရိုးရာ
မီးရှူး (လုတ်ဖိုင်) ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.ဗုဒ္ဓပူဇနိယပွဲတော်နှင့် မီးရှူး (လုတ်ဖိုင်) ပွဲတော်ကို
ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ စိုင်းလုံကျော်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ခွန်ကြည်၊
ခွန်ဆောင်းရွှေ၊ တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းနှင့် ပွဲကျင်းပရေး
ကော်မတီ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ရှမ်းပြည်နယ် လွှတ်တော်
ဥက္ကဋ္ဌ စိုင်းလုံကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
.
ထို့နောက် ဗုဒ္ဓပူဇနိယပွဲတော်၊
ပဌာန်းအောင်ပွဲနှင့် ပအိုဝ်းရိုးရာ မီးရှူး(လုတ်ဖိုင်) ပွဲတော် အထိမ်းအမှတ် အလှူ ပဒေသာပင်များကို
စည်ကားသိုက်မြိုက်စွာ လှည့်လည်စီတန်းခဲ့ကြပြီး သံဃာတော်များအား ဖူးမြော်ကြည်ညို ကာ
တရားတော် နာယူခဲ့ကြကြောင်း သိရသည်။
.
ပေါမူကျေးရွာတွင် မီးရှူး (လုတ်ဖိုင်) ပြိုင်ပွဲကို
ယနေ့ မေလ ၃၀ ရက်မှ ဇွန်လ ၁၅ ရက်နေ့အထိ ကျင်းပ နေခြင်းဖြစ်ပြီး ဒေသအသီးသီးမှ မီးရှူးအဖွဲ့များ
ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကာ ပြိုင်ပွဲတွင် အမြင့် ၃ ပေ ၃ လက်မရှိသည့် မီးရှူးများကိုသာ
ပါဝင်ယှဉ်ပြိုင်ခွင့် ပြုထားကြောင်း သိရသည်။
.
ပအိုဝ်းတိုင်းရင်းသားတို့ မီးရှူးပွဲ (လုတ်ဖိုင်ပွဲ)
ကို ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းတိုင်းရင်းသားများ နေထိုင်ရာ
ကျေးရွာများတွင် အများဆုံး ပြုလုပ်ကြပြီး နှစ်စဉ် နှစ်သစ်ကူးချိန်မှစ၍ ကဆုန်၊
နယုန်လများ တွင် အများဆုံး ပြုလုပ်ကြလေ့ရှိကြောင်း သိရသည်။
.

No comments:
Post a Comment