Round Up 5 ကို ဆက်လက် ရိုက်ကူးနေပြီဖြစ်တဲ့ မာဒုံဆော့ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, May 30, 2026

Round Up 5 ကို ဆက်လက် ရိုက်ကူးနေပြီဖြစ်တဲ့ မာဒုံဆော့

.

၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်

.

ကိုရီးယားရဲ့အက်ရှင်စီးရီးတွေထဲက တစ်ကားဖြစ်တဲ့ Round Up ကတော့ ပဉ္စမမြောက်ဇာတ်ကား ထွက်လာဖို့ရှိနေပါပြီ။ မာဒုံဆော့ ရဲ့ အက်ရှင်ပရိသတ်တွေအတွက်တော့ Round Up ဟာ အထွေအထူးပြောစရာမလိုတဲ့ ဇာတ်လမ်းတွဲဆန်ဆန် ရုပ်ရှင်တစ်ခုတောင် ဖြစ်လာနေတာပါ။

.

.

၂၀၁၇ ခုနှစ်ကတည်းက The Outlaws ဆိုတဲ့နာမည်နဲ့ ထွက်လာခဲ့တဲ့ အက်ရှင်စီးရီးမှာ မာဒုံဆော့က စုံထောက် မာဆော့ဒို အနေနဲ့ ပါဝင်ခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ The Round Up ၊ ၂၀၂၃ မှာ The Round Up: No Way Out ၊ ၂၀၂၄ မှာ The Round Up: Punishment ဆိုပြီး ထွက်ရှိလာခဲ့တာပါ။

.

Round Up 5 မှာလည်း မာဆော့ဒို ဆိုတဲ့ ဇာတ်ကောင်နေရာကနေပဲ မာဒုံဆော့ ကို ဆက်လက်တွေ့ရဦးမှာ ဖြစ်ပြီး ဇာတ်ညွှန်းနဲ့ ထုတ်လုပ်ရေးပိုင်းမှာ သူကိုယ်တိုင် ဝင်ရောက်အားဖြည့်ထားတာပါ။

.

ဒီဇာတ်ကားမှာလည်း ရှေ့က ရုပ်ရှင်တွေလိုပဲ မာဆော့ဒို တစ်ယောက် ရာဇဝတ်ဂိုဏ်းခေါင်းဆောင် လီကန်တေး ဆိုတဲ့သူနဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်ပြီး လီကန်တေး နေရာမှာ နာမည်ကျော်သရုပ်ဆောင် ကင်ဂျေယွန်း က ပါဝင်ထားပါတယ်။

.

Round Up ဇာတ်ကားတွေကို ၈ ကားအထိ ရိုက်ကူးသွားမှာဖြစ်တယ်လို့ မာဒုံဆော့ က ပြောထားတာမို့ တစ်နှစ်ကို တစ်ကားလောက်တော့ ပုံမှန်ထွက်လာဦးမယ့်ပုံပါပဲ။

.

Source – KoreaBoo

.

No comments:

Post a Comment

Pages