လွိုင်လင်တွင် တိုင်းရင်းဆေးကုဌာနက ကျေးရွာများအရောက် ကျန်းမာရေးစောင့်ရှောက်မှုပေး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, May 31, 2026

လွိုင်လင်တွင် တိုင်းရင်းဆေးကုဌာနက ကျေးရွာများအရောက် ကျန်းမာရေးစောင့်ရှောက်မှုပေး

.

၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက်

.

ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်မြို့နယ်တွင် ယမန်နေ့ မေလ ၃၀ ရက်၌ တိုင်းရင်းဆေးကုဌာနက ကျေးရွာများအရောက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

.

.

ထိုသို့ ဆောင်ရွက်ရာတွင် လွိုင်လင်ခရိုင် (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဒေါ်ဥမ္မာအေး ဦးဆောင်ကာ ကျန်းမာရေးစောင့်ရှောက်မှုအခန်းကဏ္ဍတွင် တိုင်းရင်းဆေးဖြင့် အကျိုးထိရောက်မှုရှိစွာ ကုသပေးနိုင်ရန်အတွက် ကျန်းမာရေးအသိပညာ‌ ပေးဟောပြောခြင်းနှင့် ဆေးကုသ စောင့်ရှောက်မှုပေးခြင်း ကို မေ ၃၀ ရက် နံနက်ပိုင်းမှ စတင်ကာ ကွတ်ချိုးကျေး‌‌ရွာ ဓမ္မာရုံတွင် ကျေးရွာနေပြည်သူများအား နယ်လှည့် ကွင်းဆင်း‌ဆေးကုသပေးခဲ့ကြောင်း သိရသည်။

.

ခရိုင်တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေး ကုသရေးအဖွဲ့ ဆေးရုံအုပ်က တိုင်းရင်းဆေးပညာဖြင့်‌ သွေးတိုး ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်နည်းလမ်းများအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ဒူးနာ၊ ခါးနာအဆစ်အမြစ်ပိုင်း နာကျင်ခြင်းနှင့် အထွေထွေရောဂါများကို ကုသပေးခြင်း၊ တိုင်းရင်းဆေးဝါးများ သောက်ဆေး ပေးခြင်း၊ လိမ်းဆေးပေးခြင်းများကို ကျေးရွာအတွင်းရှိ သံဃာတော်များ၊ ပြည်သူများအား စမ်းသပ်စစ်ဆေး ဆောင်ရွက်ပေးခဲ့‌သည်။

.

အဆိုပါ (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံအနေဖြင့် လွိုင်လင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ အလှည့်ကျဆေးကုသ စမ်းသပ်စစ်ဆေးပေးခြင်းများအား ကွင်းဆင်းကာဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရှိရသည်။

‎.

No comments:

Post a Comment

Pages