.
၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက်
.
ENA ရုပ်သံလိုင်းရဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့ The
Scarecrow ကတော့ သူတို့ရုပ်သံလိုင်းကနေ ထုတ်လွှင့်ဖူးခဲ့ သမျှ
ဇာတ်လမ်းတွဲတွေထဲမှာ အမြင့်ဆုံးကြည့်ရှုနှုန်း ဆိုတဲ့ စံချိန်ကို ရပြီး
ဇာတ်သိမ်းသွားခဲ့ပြီဖြစ်ပါတယ်။
.
.The Scarecrow ရဲ့ ဇာတ်သိမ်းပိုင်းဟာ ENA
ရုပ်သံလိုင်းရဲ့ သမိုင်းတစ်လျှောက် ဒုတိယမြောက် ကြည့်ရှုနှုန်းအများဆုံး
ဒရာမာအပိုင်းဖြစ်ခဲ့ပြီး သူ့ရဲ့အထက်မှာတော့ ၂၀၂၂ ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ “Extraordinary
Attorney Woo” ဆိုတဲ့ ဇာတ်လမ်းတွဲပဲရှိတော့တာပါ။
.
Nielsen Korea ရဲ့ထုတ်ပြန်ချက်စစ်တမ်းအရ
စိတ်ခြောက်ခြားစရာ ဒရာမာအမျိုးအစားဖြစ်တဲ့ The Scarecrow ရဲ့ဇာတ်သိမ်းပိုင်းက
တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ပျမ်းမျှကြည့်ရှုနှုန်း ၈.၁% ရရှိခဲ့ပြီး
ပြသချိန်တူတဲ့ရုပ်သံလိုင်း အစီအစဉ်တွေထဲမှာ ပထမနေရာကို သိမ်းပိုက်သွားခဲ့တာပါ။
.
အမှားတစ်ခုကြောင့် ဆိုးလ်ကနေ
သူ့မွေးရပ်မြေဖြစ်တဲ့ ဂန်းဆန်းကို ပြောင်းရွှေ့ခံလိုက်ရတဲ့ စုံထောက် တစ်ယောက်ဟာ
သူ့ရဲ့ဂုဏ်သိက္ခာအတွက် ဂန်းဆန်းမှာဖြစ်ပွားနေတဲ့ ကွင်းဆက်လူသတ်မှု ကို လိုက်လံ စုံစမ်းဖို့
ဆုံးဖြတ်လိုက်တဲ့ ဇာတ်ကားပါ။
.
ဒီဇာတ်ကားက ၁၉၈၈ ကနေ ၂၀၁၉ နှစ်အကြား ၃၃ နှစ်ကြာ
ဆက်နွယ်နေတဲ့ လူသတ်မှုတွေ၊ လျှို့ဝှက်ချက် တွေ၊ အတိတ်က ဒဏ်ရာတွေကို
ဖော်ထုတ်သွားတဲ့ကားမို့ အရမ်းကောင်းတဲ့ ဒရာမာ တစ်ကားလို့ သတ်မှတ် ခံခဲ့ရတာဖြစ်ပြီး
ဇာတ်ကားမပြီးသေးလို့ စောင့်ပြီး မကြည့်ချင်သူတွေအတွက်လည်း လက်ရှိမှာတော့
ဇာတ်ကားချန်နယ်တွေမှာ အစကနေ အဆုံး ကြည့်ရှုလို့ရနေပြီဖြစ်ပါတယ်။
.
Source – Soompi
.

No comments:
Post a Comment