.
၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်
.
လာအိုနိုင်ငံက ရေလွှမ်းမိုးနေတဲ့ လိုဏ်ဂူတစ်ခုထဲမှာ
ပိတ်မိနေတဲ့ ရွာသား ၅ ယောက် လွတ်မြောက်လာပြီး ကျန်ရှိနေတဲ့ ၂ ယောက်ကိုတော့
ဆက်လက်ရှာဖွေနေကြဆဲဖြစ်ပါတယ်။
.
.မေလ ၂၈ ရက် မနက်ပိုင်းမှာ ရွာသား ၅ ဦး
ရှိနေတဲ့နေရာကို ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ရှာတွေ့ခဲ့ကြတာ ဖြစ်ပြီး မေ ၂၈ ရက်
ညပိုင်းမှာ တစ်ဦးကို ကယ်ထုတ်နိုင်ခဲ့တာပါ။
.
အဲဒီနောက် မေလ ၂၉ ရက်မှာတော့ အထဲမှာ ကျန်နေတဲ့ ၄
ယောက်က ကယ်ဆယ်ရေးသမားတွေ မဝင်ရ သေးခင်မှာ သူတို့ဘာသာ လမ်းရှာပြီး လိုဏ်ဂူထဲကနေ
ထွက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။
.
ဂူအတွင်းမှာ ရေကျသွားတဲ့အပြင်
ရေစုပ်ထုတ်တဲ့လုပ်ငန်းတွေကို တစ်ညလုံး လုပ်ထားတာကြောင့် တချို့ နေရာတွေမှာ
လမ်းလျှောက်လို့ရသွားတဲ့အပြင် တချို့နေရာတွေကိုတော့ တွားသွားပြီး ထွက်လာနိုင်ကြတာ ဖြစ်ပါတယ်။
.
ဒါပေမယ့်လည်း ဂူထဲမှာ ၁၀ ရက်လောက် ပိတ်မိနေခဲ့တာကြောင့်
အစာရေစာ ငတ်ပြီး အားနည်းနေကြတာ ဖြစ်လို့ သူတို့ရဲ့ကျန်းမာရေးအခြေအနေတွေကို
ဆရာဝန်တွေက စစ်ဆေးပေးနေရပါတယ်။
.
နောက်ထပ် ပျောက်ဆုံးနေသူ ၂ ယောက်ကျန်နေသေးပြီး
ကယ်ဆယ်ရေးအဖွဲ့တွေက အဲဒီ ၂ ယောက်ကို ဆက်လက်ရှာဖွေနေကြဆဲပါ။ သူတို့က ဂူအတွင်းကို
အစောဆုံး ဝင်သွားသူတွေဖြစ်ပြီး ရေတွေ တက်လာတဲ့ နောက် ၅ ယောက်အဖွဲ့နဲ့လည်း
အဆက်အသွယ်မရတော့ဘဲ သီးခြားကွဲထွက်သွားခဲ့ကြတာပါ။
.
Source – CNN
.

No comments:
Post a Comment