တောင်ကြီးတွင် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ပေးအပ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, May 15, 2026

တောင်ကြီးတွင် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ပေးအပ်

.

၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက်

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ယနေ့ မေလ ၁၅ ရက်၊ နံနက်ပိုင်းက မြန်မာ့ လယ်ယာဖွံ့ဖြိုး‌ဘဏ်၊ ရှမ်းပြည်နယ်ဘဏ်ခွဲ၏ ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ် သန်းသန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်း၊ စီးပွားရေး နှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ လဆိုင်းက ဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် စိုက်ပျိုးရေး မွေးမြူရေးကို အခြေခံသည့် စက်မှုလုပ်ငန်းတည်ဆောက်ရေးကို အထောက်အကူပြုစေရန်အတွက် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ က စတင်ပြီး နှုန်းထားတိုးမြှင့်ထုတ်ချေးမည် ဖြစ်ပြီး စပါးသီးနှံအတွက် ယခင်ကျပ်တစ်သိန်းခွဲ မှ ကျပ်သုံးသိန်း၊ အခြားသီးနှံ ၁၈ မျိုးအတွက် ယခင်ကျပ်တစ်သိန်း မှ ကျပ်နှစ်သိန်းခွဲ၊ ပန်းနှမ်း၊ ဆီမုံညှင်း၊ ဂုန်လျှော် သီးနှံ ၃ မျိုးအတွက် ယခင်ကျပ်တစ်သိန်း မှ တစ်သိန်းခွဲသို့ တိုးမြှင့်ထုတ်ချေး ပေးသွားမည်ဖြစ်ပြီး လယ်ယာသုံးစက်ကိရိယာ ချေးငွေများကိုလည်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

.

ထို့နောက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း က တောင်သူ ၂ ဦးကို လည်းကောင်း၊ ပြည်နယ် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ လဆိုင်း က တောင်သူ ၁ ဦး ကိုလည်းကောင်း၊ ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးခွန်သန်းထူးက တောင်သူ ၁ ဦးကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေက တောင်သူ ၁ ဦး ကိုလည်းကောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူ က တောင်သူ ၁  ဦး ကိုလည်းကောင်း စိုက်ပျိုးစရိတ် ချေးငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

.

ဆက်လက်ပြီး ချေးငွေလက်ခံရယူသည့် တောင်သူများကိုဘ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

.

အဆိုပါ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဘဏ်ချေးငွေလက်ခံမည့် တောင်သူ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages