ပြင်သစ်လက်ရွေးစင် အသင်းအတွက် ကစားပေးနေပေမဲ့ ပြင်သစ်စကား မတတ်တဲ့ အိုလစ်ဆီ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, May 15, 2026

ပြင်သစ်လက်ရွေးစင် အသင်းအတွက် ကစားပေးနေပေမဲ့ ပြင်သစ်စကား မတတ်တဲ့ အိုလစ်ဆီ

.

၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက်

.

ပြင်သစ် လက်ရွေးစင်အသင်းအတွက် ကစား ပေးနေတဲ့ ဘောလုံးသမား တစ်ယောက်က ပြင်သစ်စကား မပြောတတ်ဘူးဆိုရင် ယုံရ ခက်ပါလိမ့်မယ်။ ဒါပေမယ့် ပြင်သစ်လက်ရွေးစင်အသင်းရဲ့ အဓိက တောင်ပံ ကစားသမား အိုလစ်ဆီ ကတော့ ပြင်သစ်စကား မပြောတတ်တာ အမှန်ပါ။

.



.

အိုလစ်ဆီ က အင်္ဂလန်နိုင်ငံသား ဖြစ်ပြီး လန်ဒန်မှာ မွေးတဲ့သူပါ။ သူက အာဆင်နယ်၊ ချယ်လ်ဆီး၊ မန်စီးတီး စတဲ့ လူငယ်အသင်းတွေနဲ့ အတူ ဖြတ်သန်းခဲ့ဖူးပြီး ပဲလေ့စ် ကနေ ဘိုင်ယန်မြူးနစ်ဆီ ရောက်သွားတော့မှ အရမ်းကို နာမည် ကြီးသွားခဲ့တာပါ။

.

အိုလစ်ဆီက အင်္ဂလန်မှာ မွေးတယ် ဆိုပေမယ့် သူ့ရဲ့ အဖေက နိုင်ဂျီးရီးယား နိုင်ငံသား ဖြစ်ပြီး အမေကတော့ ပြင်သစ်နဲ့ အယ်လ်ဂျီးရီးယန်း သွေးစပ်တဲ့ သူပါ။ ဒါ့ကြောင့် သူက ပြင်သစ်၊ အယ်လ်ဂျီးရီးယား၊ အင်္ဂလန်နဲ့ နိုင်ဂျီးရီးယားတို့အတွက် ကစားပေးခွင့်ရှိပြီး ပြင်သစ်နိုင်ငံအတွက် ကစားပေးဖို့ကိုပဲ ရွေးချယ်ခဲ့တာပါ။

.

ကျွန်တော့် အနေနဲ့ ပြင်သစ်လက်ရွေးစင်အသင်းအတွက် အမြဲကစားပေးဖို့ ဆန္ဒရှိနေခဲ့တာပါ၊ ဒါကြောင့်ပဲ ကျွန်တော် ကစားချင်တဲ့ နိုင်ငံအနေနဲ့ ပြင်သစ်ကို ရွေးခဲ့တာ ဖြစ်ပါတယ်၊ ဒါက ကျွန်တော်ကလေး ဘဝကတည်းက ရှိနေတဲ့ ဆန္ဒပါ” လို့ အိုလစ်ဆီက ပြောဖူးပါတယ်။

.

ဒါပေမယ့် အိုလစ်ဆီက အင်္ဂလန်မှာ မွေးပြီး အင်္ဂလန်မှာ ကြီးတာကြောင့် ပြင်သစ်စကား မပြောတတ်ပါဘူး။ ပြင်သစ်နိုင်ငံအတွက် သွားပြီး ကစားပေးရတော့လည်း ပြင်သစ်တွေ ပြောနေတာကို သူ နားမလည်သလို။ ပြင်သစ် လိုတတ်အောင်လည်း အခုထိ သင်ထားတာမျိုး မရှိပါဘူး။ ပရိသတ်တွေ မသိသေးတဲ့ အိုလစ်ဆီရဲ့ ထူးခြားချက် တစ်ခုပေါ့။

.

No comments:

Post a Comment

Pages