ရွှေညောင်တွင် အကောက်ခွန်မဲ့ တရုတ်ကုန်ပစ္စည်းများနှင့် ယာဉ်များအား အရေးယူ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, May 30, 2026

ရွှေညောင်တွင် အကောက်ခွန်မဲ့ တရုတ်ကုန်ပစ္စည်းများနှင့် ယာဉ်များအား အရေးယူ

.

၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် မေလ ၁၀ ရက်က အကောက်ခွန်မဲ့ တရုတ်ကုန်ပစ္စည်းများနှင့် သယ်ဆောင်လာသည့် မော်တော်ယာဉ် ၆ စီးတို့ကို ဖမ်းဆီးအရေးယူထားသည်ဟု သိရသည်။

.

.

“ဖမ်းမိတာ ဟုတ်ပါတယ်။ ကြာပါပြီ။ တရား‌တောင် စွဲတင်ပြီးသွားပြီထင်ပါတယ်။ ပို့သွင်းနဲ့ပဲ တရားစွဲပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

.

လုံခြုံရေး ပူးပေါင်းအဖွဲ့သည် မေလ ၁၀ ရက်က တောင်ကြီးမြို့နယ်၊ ကျောက်နီကျေးရွာအုပ်စု၊ ကျောက်နီကျေးရွာ လမ်းဆုံတွင် ကင်းလှည့်ဆောင်ရွက်နေစဉ် လားရှိုးမြို့မှ မန္တလေးမြို့သို့ ကြည်စိုး မောင်းနှင်လာသည့် ယာဉ်အပါအဝင် မော်တော်ယာဉ် ၆ စီးအား စစ်ဆေးရာ အဆိုပါ ယာဉ်များပေါ်မှ တရားမဝင် အကောက်ခွန်မဲ့ ကုန်ပစ္စည်းများအား စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ တရားမဝင် အကောက်ခွန်မဲ့ တရုတ်ကုန်ပစ္စည်းများနှင့် ယာဉ်များအား ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈/၁၀ ဖြင့် ရွှေညောင်နယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages