တာချီလိတ်တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး ဆွမ်းဆန်စိမ်းလောင်းလှူ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, May 30, 2026

တာချီလိတ်တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး ဆွမ်းဆန်စိမ်းလောင်းလှူ

.

၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း (က) ရပ်ကွက်ရှိ နဂါးနှစ်ကောင် ကျောင်းတိုက်တွင် ယနေ့ မေလ ၃၀ ရက်၊ နံနက်ပိုင်းက မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး ဆွမ်းဆန်စိမ်း လောင်းလှူပွဲနှင့် ငွေပ‌ဒေသာပင် စိုက်ထူပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန်၊ ဗုဒ္ဓသာသနာ တော်ထွန်းကားပြန့်ပွားစေရန်၊ ကုသိုလ်ကောင်းမှုများ စုပေါင်းဆောင်ရွက်နိုင်ပြီး သာသနာတော်အဓွန့်ရှည်တည်တံ့ ခိုင်မြဲစေရန် ရည်ရွယ်၍ နှစ်နိုင်ငံ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

.

ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် ဒေသခံရှမ်းတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသား အကများဖြင့် ကြိုဆိုပြီး တာချီလိတ် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ထိုင်းနိုင်ငံ ဘာသာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာ ပကျနာပညာသိလ်၊ ချင်းရိုင်ခရိုင်ယဉ်ကျေးမှုဦးစီးဌာန မစ္စတာ ပိသန့်ဂျန်သိလ် ဦးဆောင်သော ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဗုဒ္ဓဘာသာနွယ်ဝင် အလှူရှင်များက ဆရာတော် သံဃာတော် ၉၉ ပါး တို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများကို ကြည်နူးဖွယ်ရာ စုပေါင်းလောင်းလှူခဲ့ကြကြောင်း သိရသည်။

.

ထို့နောက် ဧည့်ပရိသတ်များက နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဘဒ္ဒန္တသုဓမ္မ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) (သာသနတက္ကသီလဓမ္မာစရိယ B.A Buddhism, M.A သီရိလင်္ကာ) ထံမှ ငါးပါးသီလခံယူဆောက် တည်ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွား ချီးမြှင့်တော်မူသော မင်္ဂလာသုတ်၊ ရတနသုတ်၊ မေတ္တသုတ် ပရိတ်တရားတော် များကို နာယူ ကြည်ညိုခဲ့ကြကြောင်း သိရသည်။

.

ဆက်လက်ပြီး အလှူရှင်များက နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော်နှင့် ထိုင်းနိုင်ငံမှ ဆရာတော် ဖရာခရူပိဆောင် နလာအွန် အမှူးထား၍ ဆရာတော်သံဃာတော်များအား နဝကမ္မဝတ္ထုငွေနှင့် ပဒေသာပင်များ ဆက်ကပ်လှူဒါန်းကြပြီး နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော်ထံမှ မြန်မာ-ထိုင်းအလှူရှင်များနှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။         

.

အဆိုပါ အခမ်းအနားသို့ မြန်မာ-ထိုင်း နှစ်နိုင်ငံမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သံဃာတော်များ၊ ဒေသခံပြည်သူများနှင့် အလှူရှင်များ စုစုပေါင်း ၁၅၀၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။      

.

No comments:

Post a Comment

Pages