.
၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက်
.
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ယူ (၁၈)
အမျိုးသားဘောလုံးပြိုင်ပွဲ၊ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ရှမ်းပြည်နယ်အသင်းနှင့်
ကချင်ပြည်နယ်အသင်းတို့ ယနေ့ ညနေ ၃ နာရီတွင် ယှဉ်ပြိင်ကစားကြမည် ဖြစ်ကြောင်း သိရသည်။
.
.ရှမ်းပြည်နယ် ယူ (၁၈) အသင်းသည်
ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်၌ ရန်ကုန်တိုင်းအသင်းကို ၃-၂ ဂိုးနှင့်
အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်လာခဲ့ခြင်းဖြစ်သည်။
.
အခြားတစ်ဖက်တွင်လည်း ဧရာဝတီတိုင်းအသင်းနှင့်
ကရင်ပြည်နယ်အသင်းတို့က ဆီမီးဖိုင်နယ်ပွဲစဉ်ကို ကစားကြရမည်ဖြစ်ပြီး
အနိုင်ရရှိသူများက ဗိုလ်လုပွဲအဖြစ် ကစားကြရမည်ဖြစ်သည်။
.
ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်အသင်းတို့၏
ပွဲစဉ်ကို ရန်ကုန်မြို့၊ ပဒေသာကွင်းတွင် ယနေ့ မေလ ၃၁ ရက်၊ ညနေ ၃ နာရီအချိန်၌ ကစားကြမည်ဖြစ်ပြီး
လာရောက်မကြည့်ရှုနိုင်သူများအနေဖြင့် Pyone Play Sports Youtube မှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း ကြေညာထားသည်။
.

No comments:
Post a Comment