ကချင်ကို ဂိုးပြတ် နိုင်ပြီး ရှမ်းလူငယ်အသင်း ဗိုလ်လုပွဲ တက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, May 31, 2026

ကချင်ကို ဂိုးပြတ် နိုင်ပြီး ရှမ်းလူငယ်အသင်း ဗိုလ်လုပွဲ တက်


ပဒေသာအားကစားကွင်းမှာ ဒီနေ့ ပြုလုပ်ခဲ့တဲ့ ၂၀၂၆ ခုနှစ်ရဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ယူ(၁၈) အမျိုးသား ဘောလုံးပြိုင်ပွဲ၊ ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ရှမ်းပြည်နယ်အသင်းက ကချင်အသင်းကို ၄-၁ နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲအဆင့်ဆီ တက်လှမ်းသွားခဲ့ပါတယ်။

.
ဒီပွဲက ပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်း ၂ သင်း‌ တွေ့တဲ့ပွဲလို့ ပရိသတ်တွေက မှတ်ချက် ပေးထားကြတာ ဖြစ်ပြီး ဒီပွဲမှာ နိုင်တဲ့အသင်းက ချန်ပီယံဖြစ်မှာပဲဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပြီးသားပါ။
.



ဒါပေမယ့် ပွဲစချိန်မှာတော့ ရှမ်းအသင်းရဲ့ ကစားအားကို ကချင်ဖက်က လုံးဝမ ယှဉ်နိုင်ခဲ့ဘဲ ပွဲချိန်ကြာလေလေ အရေးနိမ့်လေ ဖြစ်ခဲ့ရတာပါ။
.
ပထမပိုင်း ပွဲအစ ၃ မိနစ်ကတည်းက ရှမ်းအသင်းက ဦးဆောင်ဂိုး ရခဲ့တာ ဖြစ်ပြီး ပွဲချိန် ၁၁ မိနစ်မှာ ကချင်အသင်းက ချေပဂိုး ပြန်သွင်းခဲ့တာပါ။ ရှမ်းအသင်းရဲ့လျင်မြန်တဲ့ တိုက်စစ်ကို ကချင်ဖက်က ထိန်းဖို့ ခက်နေခဲ့ပြီး ပွဲချိန် ပထမပိုင်းကိုတော့ တစ်ဂိုးစီ သရေနဲ့ အဆုံးသတ်ခဲ့ရတာပါ။
.
ဒုတိယပိုင်းမှာတော့ ရှမ်းအသင်းက ကစားအား ပို တက်လာပြီး ရရှိတဲ့ အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့တာကြောင့် ၃ ဂိုးထပ်သွင်းနိုင်ခဲ့လို ပွဲအပြီးမှာ ၄-၁ နဲ့ အနိုင် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
.
ကျွန်တော်တို့က ဗိုလ်လုပွဲမှာလည်း နိုင်ဖို့ ယုံကြည်ချက် အပြည့် ရှိပြီးသားပါ။ ရှမ်းပြည်အတွက် ဆုဖလားကို သေချာပေါက် သယ်လာပေးပါ့မယ်” လို့ ရှမ်းပြည်နယ်ဘောလုံးအဖွဲချုပ်ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမင်းကို က ဆိုပါတယ်။
.

ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တဲ့ ရှမ်းပြည်နယ်အသင်းကို ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌနဲ့ ဒုဥက္ကဌတို့က ငွေကျပ် သိန်း ၃၀ ဂုဏ်ပြုချီးမြင့် ပေးအပ်ခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။

.



အခြား ဆီမီးဖိုင်နယ်ပွဲစဉ် တစ်ပွဲ ဖြစ်တဲ့ ကရင်ပြည်နယ်နဲ့ ဧရာဝတီအသင်းတိုရဲ့ ပွဲစဉ်မှာတော့ ကရင်ပြည်နယ်အသင်းက ဧရာဝတီအသင်းကို ၄-၁ နဲ့ နိုင်သွားခဲ့လို ဗိုလ်လုပွဲမှာ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်အသင်းတို့ တွေ့ကြရတော့မှာ ဖြစ်ပါတယ်။
.
ဗိုလ်လုပွဲစဉ်ကိုတော့ လာမယ့် ဇွန်လ ၂ ရက်၊ ညနေ ၄ နာရီအချိန်၊ ရန်ကုန်မြို ၊ သုဝဏ္ဏအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီး Pyone Play Sports Youtube ကနေလည်း တိုက်ရိုက်ထုတ်လွှင့်သွားဖို့ ရှိနေပါတယ်။

.

#KBZTai #Shan #Football #U18

 

No comments:

Post a Comment

Pages