ထရမ့်နဲ့ သူ့ရဲ့အကြံပေးအဖွဲ့က အီရန်ရဲ့ သဘော တူညီချက်တွေနဲ့ ပတ်သက်လို့
အိမ်ဖြူတော်မှာ ၂ နာရီ ကြာအောင် ဆွေးနွေးခဲ့ကြပေမယ့်လည်း လက်ရှိ အချိန်အထိတော့
ကြေညာချက် တစ်စုံတရာ ထွက်လာခြင်း မရှိကြသေးပါဘူး။
.
■ အီရန်ဖက်က
ဘာပြောလဲ
.
အီရန်
နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ပြောခွင့်ရ ပုဂ္ဂိုလ် အက်စ်မိုင်လီကတော့ သောကြာနေ့အထိ
အီရန်နဲ့ အမေရိကန်တို့ ဆက်သွယ် ဆွေးနွေးနေတယ် ဆိုတဲ့ အကြောင်း ပြောပါတယ်။ ဒါပေမယ့်
နှစ်နိုင်ငံကြား ယာယီ သဘောတူ စာချုပ်ကို အပြီးသတ် လက်မှတ် ရေးထိုးထားနိုင်ခြင်း
မရှိသေးဘူးလို့ အတည်ပြုထားပါတယ်။ အီရန်ရဲ့ လက်ရှိ အမြင့်ဆုံးခေါင်းဆောင် ဖြစ်တဲ့
မော့တာဘာ ခါမီနီက ဒီသဘောတူညီချက်တွေကို အတည် ပြုပြီးပြီဆိုတဲ့ သေချာတဲ့ သတင်းမျိုးလည်း
မရှိသေးပါဘူး။
.
■ ဟောမုဇ်
ရေလက်ကြား အခြေအနေ
.
အီရန်
စစ်ပွဲကြောင့် ကမ္ဘာပေါ်က အားနည်းတဲ့ နိုင်ငံတွေအပေါ် သက်ရောက်မှု ပိုမို ပြင်းထန်လာနေတယ်
ဆိုတဲ့အကြောင်း နိုင်ငံတကာ အဖွဲ့အစည်းတွေက သတိပေးထားပါတယ်။ အဓိက အကြောင်းရင်းတွေကတော့
လောင်စာဆီဈေးတွေ မြင့်တက်လာတာ ဓာတ်မြေဩဇာဈေးတွေ တက်လာတာ အလုပ်အကိုင်နဲ့
အသက်မွေးဝမ်းကျောင်းတွေ ထိခိုက်လာတာ တွေပါပဲ။ တစ်ဖက်မှာလည်း အီရန်က အသစ်ဖွဲ့ထားတဲ့
ပါရှန်းပင်လယ်ကွေ့ ဖြတ်သန်းမှု ထိန်းချုပ်ရေးအဖွဲ့ကို အသုံးချနေပြီး ရေလက်ကြားကို
ဖြတ်သန်းမယ့် သင်္ဘောတွေကို သူတို့ရဲ့ စည်းမျဉ်းတွေနဲ့ ထိန်းချုပ်နေတာပါ။
.
ထရမ့်နဲ့ အီရန် ပြဿနာ အဆုံးမသတ်နိုင်သေးခင်မှာ
ထရမ့်ရဲ့ မဟာမိတ်ဖြစ်တဲ့ အစ္စရေးကလည်း လက်ဘနွန်ကို တရစပ် တိုက်ခိုက်နေပြီး အဲဒီ နောက်ဆက်တွဲတွေကို
အမေရိကန်အနေနဲ့ ထည့်သွင်း စဉ်းစားနေရပုံလည်း ပေါ်နေပါတယ်။
.
■ လက်ဘနွန်မှာ
စစ်ရေးအခြေအနေ ပိုမို တင်းမာ
.
အီရန်နဲ့
အမေရိကန် ဆွေးနွေးမှုတွေ လုပ်နေချိန်မှာ လက်ဘနွန်ကတော့
အစ္စရေးရဲ့တိုက်ခိုက်မှုတွေကို ခံနေရပါတယ်။ အစ္စရေးက လက်ဘနွန် တောင်ပိုင်းဒေသတွေမှာ
စစ်ဆင်ရေးတွေ တိုးချဲ့ လုပ်ဆောင်နေပြီး အီရန် ထောက်ပံ့ပေးနေတဲ့ လက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့
ဟစ်ဇ်ဘိုလာ အဖွဲ့ကို ပစ်မှတ်ထားနေတာလို့ ပြောဆိုထားပါတယ်။
.
■ ကလေးတွေ
ထိခိုက်သေဆုံးမှု မြင့်တက်
ယူနီဆက်ရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း အစ္စရေးရဲ့ စစ်ဆင်ရေးတွေကြောင့်
တစ်နေ့ကို ပျမ်းမျှ ကလေး ၁၁ ဦး သေဆုံးတာမျိုး ဒါမှမဟုတ် ဒဏ်ရာ ရတာမျိုး
ဖြစ်နေတယ်လို့ သိရတာပါ။
.
■ သမိုင်းဝင်နေရာတွေ
ထိခိုက် ပျက်စီးနိုင်
.
အစ္စရေးရဲ့
လေကြောင်း တိုက်ခိုက်မှုတွေက သမ္မာကျမ်းစာနဲ့ ဆက်စပ်တဲ့ အရေးပါတဲ့ သမိုင်းဝင် နေရာတွေကို
ထိခိုက်မှု ရှိလာနိုင်ပြီ ဖြစ်တဲ့ အကြောင်းလည်း သိရပါတယ်။ ဒီနေရာတွေက
လက်ဘနွန်တောင်ပိုင်း ဒေသမှာ ရှိနေပြီး ရှေးဟောင်း သုတေသနနေရာတွေ
ပျက်စီးသွားနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတာပါ။
.
■ ရူဘီယိုက
လက်ဘနွန်သမ္မတဆီ ဖုန်းဆက်
.
အမေရိကန်
နိုင်ငံခြားရေး ဝန်ကြီး ရူဘီယို က လက်ဘနွန်သမ္မတ ဂျိုးဆက်အိုယွန် ဆီကို သောကြာနေ့က
ဖုန်းဆက်ခဲ့ပါတယ်။ ဂျိုးဆက်ကတော့ နိုင်ငံ တည်ငြိမ်ရေးအတွက် အပစ်ရပ်စဲရေး သဘောတူညီချက်သာ လိုအပ်တဲ့
အကြောင်း အလေးပေးပြောခဲ့တာပါ။
.
ရူဘီယို ကတော့ ဒီလို တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာက
ဟစ်ဇ်ဘိုလာတွေအပေါ်မှာ အဓိက တာဝန် ရှိတယ်ဆိုတဲ့ အကြောင်း ပြောဆိုသွားခဲ့ပြီး
အမေရိကန်အနေနဲ့ လက်ဘနွန်ရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို ကူညီပေးမယ်လို့
ပြောဆိုသွားပါတယ်။
.
Source – CNN
#KBZTai #Shan #Iran #USA #International

No comments:
Post a Comment