.
၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင်
ပြီးခဲ့သည့် မေလ ၂၆ ရက်က လိုင်စင်မဲ့ မော်တော်ယာဉ် ၂ စီး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
.
.“ဟုတ်ပါတယ်၊ စစ်ဆေးရင်းနဲ့ ဖမ်းမိတာပါ” ဟု
တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
ညောင်ရွှေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မေလ
၂၆ ရက်၊ ညနေပိုင်းက ညောင်ရွှေမြိုန့ယ်၊ ပေါင်းပိန်း စစ်ဆေးရေးဂိတ်တွင် ယာဉ်များကို
ရပ်တန့်ရှာဖွေစစ်ဆေးခြင်းများဆောင် ရွက်နေစဉ် ခေါင်တိုင်ကျေးရွာ ဘက်မှ ပင်လောင်းမြို့နယ်၊
နန်းဝိုးကျေးရွာနေ ထက်ဝေယံ မောင်းနှင်လာသည့် Honda Fit ယာဉ်နှင့်
ပင်းတယမြို့နယ်၊ ရှမ်းကျေး ရွာနေ ဇင်ကိုကို မောင်းနှင်လာသည့် Honda Fit
Shuttle ယာဉ်တို့အား ရပ် တန့်စစ်ဆေးခဲ့ရာ မော်တော်ယာဉ်များနှင့်
ပတ်သက်သည့်အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိဘဲ လိုင်စင်မဲ့ယာဉ်များဖြစ်ကြောင်း
စစ်ဆေးပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ လိုင်စင်မဲ့ယာဉ် စီးနင်းမှုနှင့် ပတ်သက်၍
ထက်ဝေယံနှင့် ဇင်ကိုကို တို့နှစ်ဦးအား ညောင်ရွှေမြို့မ ရဲစခန်းတွင် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ
၈ ဖြင့် အသီးသီးအမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။
.

No comments:
Post a Comment