.
၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင်
ယနေ့ မေလ ၁၄ ရက်က ရှမ်းပြည်နယ်စည်ပင် သာယာရေးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် လုပ်ငန်းညှိနှိုင်း
အစည်းအဝေး ပြုလုပ်ခဲ့သည်ဟု သိရသည်။
.
.အစည်းအဝေးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး
ခွန်ထွန်းဖြူက အဖွင့် အမှာစကား ပြောကြားခဲ့ပြီး ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၊ ညွှန်ကြားရေးမှူး
စိုင်းထွန်းထွန်းက ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်၊ စည်ပင်သာယာရေးလုပ်ငန်း အစီရင်ခံစာကို
ဖတ်ကြားတင်ပြခဲ့ကြောင်း သိရသည်။
.
ထို့နောက် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်/မြို့နယ်ခွဲ
စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိနှင့် တာဝန် ရှိသူများက သက်ဆိုင်ရာ မြို့နယ်အလိုက်
စည်ပင်သာယာရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်ဟု သိရသည်။
.
“ဘဏ္ဍာရေးနှစ်မှာ ဆောင်ရွက်ရမယ့် အချိန်ကာလတွေ အရရော၊
စည်ပင်သာယာရေးလုပ်ငန်း ကဏ္ဍ အသီးသီးမှာရော မြို့နယ်တွေမှာ စည်ပင်သာယာရေးလုပ်ငန်း တွေကို
မြန်မြန်ဆန်ဆန်နဲ့ ဘဏ္ဍာရေးနှစ် အတွင်းမှာ အရှိန်အဟုန်နဲ့ အကောင်အထည်ဖော်နိုင်ဖို့
ဖြစ်ပါတယ်။ နောက်ပြီး အစိုးရသစ်ရဲ့ ရက် ၁၀၀ စီမံကိန်း လုပ်ငန်းမှာ အမြန်ဆုံး သွက်သွက်လက်လက်နဲ့
အကောင်အထည်ဖော် ပြီးစီးပြီးတော့ ပြည်သူ အတွက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် ဖြစ်ပါတယ်”
ဟု ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၊ ညွှန်ကြားရေးမှူး စိုင်းထွန်းထွန်းက ပြောသည်။
.
အဆိုပါ အစည်းအဝေးကို မေလ ၁၄ ရက်မှ ၁၅ ရက်အထိ ၂ ရက်ကြာ
ပြုလုပ်သွားမည်ဖြစ်ပြီး ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန၊ ဌာနခွဲများ၊ မြို့နယ်၊ မြို့နယ်ခွဲများ၏
ဖွဲ့စည်းပုံပြင်ဆင်ရန် လျာထားမှု အခြေအနေများ၊ တာချီလိတ်မြို့ ရေကြီးရေလျှံ မဖြစ်ပေါ်စေရေး
ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။
.
အစည်းအဝေးသို့ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်/မြို့နယ်ခွဲများမှ
စည်ပင်သာယာရေးဌာန၊ အမှုဆောင် အရာရှိများ၊ အင်ဂျင်နီယာများ၊ တာဝန်ရှိသူများ တက်ရောက်လျက်ရှိကြောင်း
သိရသည်။
.


No comments:
Post a Comment