အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ ဗုဒ္ဓဟူးနေ့ညနေပိုင်းမှာ
ဘေဂျင်းမြို့ကို ရောက်လာခဲ့ပြီး ရှီကျင့်ဖျင်နဲ့ အရေးပါတဲ့ တွေ့ဆုံမှုမတိုင်မီမှာ
ဂုဏ်ပြုအခမ်းအနားနဲ့ လက်ခံကြိုဆိုခြင်းခံခဲ့ရပါတယ်။
.
နှစ်ရက်ကြာမယ့် ဒီခရီးစဉ်အတွင်း အမေရိကန်နဲ့ တရုတ်အကြား
အခွန်စည်းကြပ်မှု နှုန်းထားတွေ၊ အီရန် စစ်ပွဲနဲ့ ပတ်သက်တာတွေ၊
ထိုင်ဝမ်နဲ့ပတ်သက်တဲ့ အမေရိကန်ဆက်ဆံရေးတွေအပြင် နည်းပညာပိုင်းဆိုင်ရာ တွေကိုပါ
ဆွေးနွေးသွားဖို့ရှိနေပါတယ်။
.
ထရမ့်ဟာ ၂၀၁၇ ခုနှစ်မှာ တရုတ်နိုင်ငံဆီ
နောက်ဆုံးရောက်ရှိခဲ့တာဖြစ်ပြီး အရှေ့အလယ်ပိုင်းမှာ စစ်ရေးအရ ဝေဖန်မှုတွေ
တိုးမြင့်လာချိန်မှာ နောက်တစ်ဖန် ထပ်မံရောက်ရှိလာခဲ့တာပါ။
.
ထရမ့်ရဲ့ တရုတ်ခရီးစဉ်ကို မတ်လ မှာ စီစဉ်ထားခဲ့ပေမဲ့လည်း
အမေရိကန်နဲ့ အီရန်စစ်ပွဲကြောင့် နောက်ဆုတ် ခဲ့ရတာ ဖြစ်ပါတယ်။ ဒီစစ်ပွဲက အခုချိန်ထိ
ကမ္ဘာ့စီးပွားရေးကို ထိခိုက်နေဆဲဖြစ်ပြီး နိုင်ငံအများစုအပေါ် သက်ရောက်မှု
ကြီးမားနေခဲ့တာပါ။
.
ထရမ့် လေယာဉ်ပေါ်ကနေ ဆင်းလာချိန်မှာ တရုတ်နိုင်ငံရဲ့ ဒုသမ္မတ
ဟန်ကျင့်က လက်ခံကြိုဆိုခဲ့ပြီး ဒီလုပ်ရပ်ဟာ တရုတ်အနေနဲ့ အမေရိကန်အပေါ် လေးစားမှု
ပြသတာဖြစ်တယ်လို့ သုံးသပ်ချက်တွေ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ထရမ့်ရဲ့ ၂၀၁၇
ခရီးစဉ်ကြိုဆိုမှုတုန်းက အဆင့်နိမ့်ခေါင်းဆောင် တစ်ယောက်သာ
လာရောက်ကြိုဆိုတာမို့ပါ။
.
လေယာဉ်ပေါ်က အဆင်းမှာ ထရမ့်အတွက် အနီရောင်ကော်ဇောခင်းကာ
ကြိုဆိုခဲ့ပြီး ထရမ့်ရဲ့သား အဲရစ်ထရမ့်နဲ့ အီလွန်မာ့စ်၊ ယန်ဆန်ဟောင်း တို့လို
နည်းပညာလုပ်ငန်းတွေရဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေလည်း အတူပါလာခဲ့ကြပါတယ်။
.
ထရမ့်နဲ့ ရှီကျင့်ဖျင်တို့တွေ့ဆုံမှုမှာ အီရန်အရေးကို အဓိကထား
ဆွေးနွေးကြလိမ့်မယ်လို့ ခန့်မှန်းနေကြပြီး အီရန်ရဲ့ ရေနံတင်ပို့မှုကို
မှီခိုနေရတဲ့ တရုတ်နိုင်ငံအနေနဲ့ ဟော်မုဇ်ရေလက်ကြားနဲ့ပတ်သက်ပြီး အဓိက ဆွေးနွေးမှု
လုပ်သွားလိမ့်မယ်လို့ နိုင်ငံရေးသုံးသပ်သူတွေက ခန့်မှန်းနေကြတာပါ။
.
တရုတ်နဲ့ အီရန်နိုင်ငံဟာ ဆယ်စုနှစ်များစွာကြာမြင့်တဲ့
မဟာမိတ်ဆက်ဆံရေးရှိခဲ့ပြီး တရုတ်က အီရန်ရဲ့ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံလည်း
ဖြစ်ခဲ့တာပါ။
.
ဒါ့အပြင် ထိုင်ဝမ်ကို လက်နက်ရောင်းချနေတဲ့ အမေရိကန်ရဲ့မူဝါဒကိုလည်း
ဒီတွေ့ဆုံမှုမှာ ဆွေးနွေးသွားဖို့ ရှိနေပါတယ်။
.
ကုန်သွယ်ရေးအနေနဲ့ကတော့ အမေရိကန်ရဲ့စိုက်ပျိုးရေးထွက်ကုန်တွေကို
တရုတ်ဖက်က ဝယ်ယူဖို့ ထရမ့်က တိုက်တွန်းသွားဖို့ရှိနေပြီး၊ တရုတ်ဖက်ကလည်း
တရုတ်ကုန်စည်တွေ အပေါ် အမေရိကန်ရဲ့ အခွန်နှုန်းထား တွေ လျော့ချပေးဖို့
တိုက်တွန်းသွားဖွယ်ရှိနေပါတယ်။
.
#KBZTai #International #China
.
Thursday, May 14, 2026
ရှီကျင့်ဖျင်နဲ့တွေ့ဖို့ တရုတ်ကို ရောက်ပြီဖြစ်တဲ့ ထရမ့်
Tags
# နိုင်ငံတကာ
# ပြည်ပသတင်း
Share This
About Kanbawza Tai News
ပြည်ပသတင်း
Tags
နိုင်ငံတကာ,
ပြည်ပသတင်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment