.
၂၀၂၆ ခုနှစ်၊ မေလ ၂ ရက်
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး
ဦးခွန်ထွန်းဖြူသည် ယနေ့ မေလ ၂ ရက်က တောင်ကြီးမြို့ပေါ် ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး
ဆောင်ရွက်နေမှုများကို ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
.
.ထိုသို့ စစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးက တောင်ကြီးမြို့၊
မင်္ဂလာဦးရပ်ကွက်၊ အရှေ့မြို့ပတ်လမ်း တစ်လျှောက် လမ်းဘေးဝဲယာ ရေနုတ်မြောင်းများအတွင်းရှိ
အမှိုက်နှင့် သဲနုန်းများ ဆယ်ယူနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရက် ၁၀၀ စီမံချက်ကာလအတွင်း
ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး ဦးစားပေးဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း
သိရသည်။
.
ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် တောင်ကြီးမြို့၊
ပုဂ္ဂလိကအမှိုက်နှင့်မိလ္လာသိမ်းဆည်းရေး ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသည့် တောင်ကြီးအီကိုကုမ္ပဏီ၏
လက်ဆင့်ကမ်းအမှိုက် သယ်ယူသည့် နေရာသို့ ရောက်ရှိရာ ကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက
ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးသည် တောင်ကြီးမြို့နှင့်
၁၄ မိုင် အကွာရှိ တောင်ကြီးမြို့နယ်စည်ပင် သာယာရေးဌာနပိုင် လင်းလေအမှိုက်ကျင်းသို့
ရောက်ရှိခဲ့ပြီး စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများနှင့် ကုမ္ပဏီမှ
တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်
ပေးခဲ့ကြောင်း သိရသည်။
.

No comments:
Post a Comment