ကုန်လက်ကျန် နည်းပါးလာခြင်းကြောင့် ပြောင်းဈေးတက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, May 2, 2026

ကုန်လက်ကျန် နည်းပါးလာခြင်းကြောင့် ပြောင်းဈေးတက်

.

၂၀၂၆ ခုနှစ်၊ မေလ ၂ ရက်

.

တောင်သူများလက်ဝယ် ပြောင်းလက်ကျန် နည်းပါးလာခြင်းကြောင့် ဧပြီလကုန်ပိုင်းမှစတင်၍ ပြောင်းဈေး နှုန်းများ ဆက်လက်မြင့်တက်လျက်ရှိကြောင်း သိရသည်။

.

.

လက်ရှိ မေလ ၂ ရက်အတွက် ပြောင်းဈေးနှုန်းများမှာ အေးသာယာအရောက် တစ်ပိဿာလျှင် ၁၅၀၀ မှ ၁၅၉၀ အထိ ဈေးရရှိနေပြီး ရန်ကုန်ဈေးကွက်တွင် တစ်ပိဿာ ၁၈၀၀ မှ ၁၈၆၀ ကျပ်အထိ ရရှိနေကြောင်း သိရသည်။

.

ပြောင်းဈေးကွက်မှာ မေလ တစ်လသာ ကျန်ရှိပြီး ဈေးနှုန်းထပ်မံမြင့်တက်ဖွယ် ရှိနေကြောင်းလည်း သိရသည်။

.

“တောင်သူတွေလက်ထဲမှာ ကုန်မရှိတော့မှ ဈေးတက်ပါတယ်။ ဘယ်ကုန်စည်မဆို ဒီလိုပါပဲ။ တောင်သူတွေ ကတော့ အကျိုးမခံစားရဘူး။ ဝယ်စုထားနိုင်တဲ့ ကုန်သည်ပွဲစားတွေပဲ အမြတ်ရတာပါ” ဟု ပြောင်းစိုက် တောင်သူတစ်ဦးက ပြောသည်။

.

ပြောင်းမျိုးစေ့နှင့် မြေသြဇာဈေးနှုန်းများ အဆမတန် မြင့်တက်နေခြင်းကြောင့် ပြောင်းစိုက်တောင်သူများ ပြန်လည်စိုက်ပျိုးရန် အခက်တွေ့နေပြီး အချို့တောင်သူများမှာ စိုက်ပျိုးမှု ရပ်နားထားကြကြောင်း သိရသည်။

.

“ပြောင်းစိုက်ဖို့ အားမရှိတော့ဘူး။ ကိုယ့်လက်ထဲကုန်မှ ဈေးကတက်တယ်။ မျိုးစေ့ဖိုး၊ မြေဩဇာဖိုးနဲ့ ဘာမှ မကျန်ပါဘူး” ဟု အခြား ပြောင်းစိုက်တောင်သူတစ်ဦးကလည်း ပြောဆိုခဲ့သည်။

.

လက်ရှိတွင် ပြောင်းများကို ထိုင်းနိုင်ငံသို့ အဓိက တင်ပို့နေခြင်းဖြစ်ပြီး ထိုင်းနိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူနှင့် PM2.5 လေထုညစ်ညမ်းခြင်းကို လျှော့ချနိုင်ရန် တောင်ယာခုတ်ထွင် မီးရှို့ခြင်း မပြုလုပ်သည့် ဒေသများမှ စိုက်ပျိုးထွက်ရှိသည့် အစေ့ထုတ် ပြောင်းများကိုသာ တင်သွင်းခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages