ဓါတ်ဆီဈေး ကျ၍ ဒီဇယ်ဈေး ပြန် တက်လာ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, May 29, 2026

ဓါတ်ဆီဈေး ကျ၍ ဒီဇယ်ဈေး ပြန် တက်လာ



စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ယနေ့ မေလ ၂ ရက်တွင် ထုတ်ပြန်သည့် ရည်ညွှန်းလက်လီ ဈေးနှုန်းစာရင်းအရ ဓါတ်ဆီဈေးနှုန်များ ကျဆင်းလာသော်လည်း ဒီဇယ်ဈေးနှုန်းမှာမူ ပြန်လည်မြင့်တက်လာကြောင်း သိရသည်။

.

တောင်ကြီးမြို့၏ စက်သုံးဆီ ရည်ညွှန်းဈေးတွင် အောက်တိန်း 92 တစ်လီတာလျှင် ၄၇၆၀ ကျပ်မှ ၄၇၁၅ ကျပ်၊ 95 တစ်လီတာလျှင် ၄၈၃၀ ကျပ်မှ ၄၇၉၀ ကျပ်ဒီဇယ်ရိုးရိုး တစ်လီတာလျှင် ၄၆၃၀ ကျပ်မှ ၄၇၅၀ ကျပ်၊ ပရီမီယံ တစ်လီတာလျှင် ၅၆၆၀ ကျပ်မှ ၅၇၁၅ ကျပ်သို့ ဈေးနှုန်း အပြောင်းအလဲ ဖြစ်ခဲ့ခြင်း ဖြစ်သည်။

.

“ စက်သုံးဆီ ရည်ညွှန်းဈေးက အပတ်စဉ်သောကြာနေ့တိုင်း ထုတ်ပြန်တာပေါ့။ ဒီတစ်ပတ်တော့ ဓါတ်ဆီဈေး ကျ လာပြီး ဒီဇယ်ဈေး ပြန် တက်လာတာကို တွေ့ရတယ်။ ပြီးခဲ့တဲ့ အပတ်က ဓါတ်ဆီက တက်တယ်၊ ဒီဇယ် ကျတာဆိုတော့ အခုက ပြောင်းပြန် ဖြစ်သွားတာပေါ့။” ဟု လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၏ စက်သုံးဆီ ရည်ညွှန်းလက်လီစာရင်းတွင်လည်း ဓါတ်ဆီဈေးနှုန်းများ ကျဆင်းကာ ဒီဇယ်ဈေးနှုန်းများ ပြန်တက်လာသည်ကို တွေ့ရသည်။

.

ပြင်ပ မှောင်ခို ဈေးကွက်မှာမူ ဆက်လက် ရှိနေဆဲ ဖြစ်ကာ နေရာဒေသအပေါ် မူတည်၍ စက်သုံးဆီဈေးနှုန်းမှာ တစ်လီတာလျှင် ၇၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ် ဝန်းကျင်ထိ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

.

#KBZTai #Shan #News

No comments:

Post a Comment

Pages