.
၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့တွင် မေလ
၁၁ ရက်၊ ညနေပိုင်းက ငွေကျပ် သိန်းပေါင်း ၃၈၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော
ပူးပေါင်းအဖွဲ့သည် မေလ ၁၁ ရက်၊ ညနေ ၄ နာရီခန့်က နောင်ချိုမြို့၊
ပါဟတ်ရပ်ကွက်အနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ညီညီအောင် (ခ) ညွန့်အောင်
မောင်းနှင်လာသည့် TOYOTA HILUX VIGO အမျိုးအစား
မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့်
စိတ်ကြွရူးသွပ်ဆေးပြား ၇၆၉၆၆၅ ပြား၊ ဒေသကာလတန်ဖိုးငွေကျပ် ၃၈၄၈ ဒသမ ၃၂၅ သိန်းအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့်
ပတ်သက်၍ ညီညီအောင် (ခ) ညွန့်အောင် အား နောင်ချိုမြို့မရဲစခန်းတွင်
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်
အရေးယူထားပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
.
အလားတူ ယမန်နေ့ မေလ ၁၃ ရက်ကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊
ကျိုင်းတုံမြို့တွင် စိတ်ကြွရူးသွပ် ဆေး ၃၀၀၀၀ ပြားကိုလည်းကောင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊
လားရှိုးမြို့တွင် စိတ်ကြွရူးသွပ်ဆေး ၆၀၀၀၀ ပြား ကိုလည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
.

No comments:
Post a Comment