၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်
.
သမ္မတ
ဒူတာတေး လက်ထက်တုန်းက ဖိလစ်ပိုင်နဲ့ တရုတ်အကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ
ရှိခဲ့ပေမယ့် ၂၀၂၂ ခုနှစ်မှာ တက်လာတဲ့ သမ္မတသစ် မားကို့စ်ရဲ့ လက်ထက်မှာတော့
ဖိလစ်ပိုင်နဲ့ တရုတ်ကြား ဆက်ဆံရေးက အေးခဲသွားခဲ့ပါတယ်။
ဒူတာတေး
လက်ထက်မှာ တရုတ်ကို ဦီးစားပေးပြီး အမေရိကန်ကို နောက်ချန်ထားခဲ့တဲ့ ဖိလစ်ပိုင်ဟာ
မားကို့စ်ရဲ့ လက်ထက်မှာတော့ အမေရိကန်ကို ဦီးစားပေးပြီး တရုတ်ကို နောက်ချန်ထားတဲ့
စနစ်ကို ကျင့်သုံးလာခဲ့တာပါ။ အဓိက ကတော့ တောင်တရုတ်ပင်လယ်အရေးအပေါ် တရုတ်ရဲ့
လွှမ်းမိုးမှုကို မားကို့စ်က မကျေမနပ်ဖြစ်ခဲ့တာ ဖြစ်ပြီး အမေရိကန်နဲ့ လုံခြုံရေး
ပူးပေါင်းမှုကိုလည်း တိုးမြှင့်လိုက်တာပါ။
.
၂၀၂၃
ခုနှစ်က စလို့ ဖိလစ်ပိုင်ဟာ အမေရိကန်တပ်ဖွဲ့တွေအတွက် ကာကွယ်ရေး ဝင်ခွင့်ကို
တိုးချဲ့ပေးခဲ့ပြီး တရုတ်နဲ့ ထိတွေ့မှုတွေ မကြာခဏ ဖြစ်ပွားလာခဲ့ကြပါတယ်။
.
ဒါပေမယ့်
လက်ရှိမှာ ဖိလစ်ပိုင်က လောင်စာဆီ ပြဿနာနဲ့ ရင်ဆိုင်နေရပြီး ဒီ အခြေအနေမှာ
အမေရိကန်ထက် တရုတ်ဖက်ကို ပြန်လည် အားကိုးလာဖို့ ရှိတယ်လို့ ကမ္ဘာ့အရေး
သုံးသပ်သူတွေက ဆိုနေကြပါတယ်။
.
မကြာသေးခင်အချိန်မှာပဲ မနီလာနဲ့ ဘေဂျင်းသံတမန် တွေ အကြား
ဆွေးနွေးမှုတွေကို ပြန်လည် မြင်တွေ့လာရပြီး စွမ်းအင်ပူးပေါင်းရှာဖွေရေးဆိုင်ရာ
ဆွေးနွေးပွဲတွေကို မကြာခဏတွေ့လာနေရပါတယ်။ ပြီးခဲ့တဲ့ လထဲမှာ ပြုလုပ်ခဲ့တဲ့
အင်တာဗျူး တစ်ခုမှာတော့ ဖိလစ်ပိုင်သမ္မတ မားကို့စ်က “တရုတ်နဲ့ ဆက်ဆံရေး ပြန်လည် စတင်ချိန်ကို
ရောက်ပြီ” ဆိုတဲ့အကြောင်း တရားဝင် အသိပေးသွားခဲ့ပါတယ်။
.
တရုတ်အတွက်တော့
ဒီအခြေအနေက အမြတ်ချည်းပါပဲ။ အရှေ့အလယ်ပိုင်းမှာ တင်းမာမှုတွေ ဖြစ်နေချိန်၊
အမေရိကန် တိုင်ပတ်နေချိန်မှာ ဖိလစ်ပိုင်နဲ့ ပြန်ပေါင်းထုတ်နိုင်မယ် ဆိုတာက
သူတို့အတွက် ကောင်းကွက်တွေ အများကြီးပါ။
.
အဓိက
အားဖြင့်တော့ ဖိလစ်ပိုင်နိုင်ငံထဲမှာ အမေရိကန်တပ်တွေ ထပ် တိုးမလာအောင် ယာယီ
ထိန်းထားနိုင်မယ်။ တောင်တရုတ်ပင်လယ် ပြဿနာတွေနဲ့ ပင်လယ်ပိုင်း တင်းမာမှုတွေကို
လျော့ချနိုင်မယ်။ ဒီလောက်နဲ့တင် တရုတ်က ဖိလစ်ပိုင်နဲ့ ပတ်သက်တဲ့ ပြဿနာတွေကို
စိတ်အေးသွားလို့ ရနေပါပြီ။
.
ဖိလစ်ပိုင်ရဲ့ မဟာဗျူဟာ ပြန်လည်ညှိနှိုင်းမှု
.
စင်ကာပူရဲ့
နိုင်ငံရေး သုံးသပ်သူ တစ်ယောက်ဖြစ်တဲ့ မီဂူလီတိုက ဖိလစ်ပိုင်ရဲ့ မဟာဗျူဟာ
ပြန်လည်ညှိနှိုင်းမှုကို သက်ရောက်စေတဲ့ အချက် ၂ ချက် ရှိတဲ့အကြောင်း အခုလို
ထောက်ပြပါတယ်။ ပထမအချက်က ဖိလစ်ပိုင်ရဲ့ စွမ်းအင်ပြဿနာပါ။ ဟောမုဇ်ရေလက်ကြား
လောင်စာဆီပြဿနာမှာ ဖိလစ်ပိုင်က ဆိုးဆိုးရွားရွား ထိခိုက်ထားခဲ့ပြီး ငွေကြေး ဖောင်းပွမှုတွေ၊
စွမ်းအင် မလုံလောက်မှုတွေ အပြင် နိုင်ငံရေး မတည်ငြိမ်မှုတွေကိုပါ ခံစားလာရတာပါ။ ဒီအခြေအနေမှာ
တရုတ်နဲ့အတူ လောင်စာဆီ ပူးပေါင်း ရှာဖွေရေးတွေ လုပ်ဖို့ စဉ်းစားလာရပြီး တောင်တရုတ်
ပင်လယ်ရဲ့ အငြင်းပွားဖွယ် နေရာတွေမှာ ဆီနဲ့ဂက်စ် ကို အတူ ပူးပေါင်းရှာရဖို့
ဖြစ်လာရတာပါ။
.
ဒုတိယ
တစ်ချက်ကတော့ ဖိလစ်ပိုင်က ဒီနှစ်မှာ အာဆီယံဥက္ကဌ ရာထူး ယူထားရတာမို့
တောင်တရုတ်ပင်လယ် အတွက် အကျိုးရှိတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပေးဖို့ ဖိအား ရှိနေတာကြောင့်ပါ။
ဖိလစ်ပိုင် အနေနဲ့ ဥက္ကဌရာထူး ယူထားတဲ့ အချိန်မှာ အကောင်းဖက် ဦီးတည်နေတဲ့
ဆွေးနွေးပွဲတွေ ရှိလာတာက အာဆီယံနိုင်ငံတွေ ကြားမှာ မျက်နှာ ပွင့်နိုင်မယ့် အခြေအနေ
တစ်ခုလည်း ဖြစ်လာမှာမို့ပါပဲ။
.
ဘေဂျင်းရဲ့ မဟာဗျူဟာ တွက်ချက်မှု
.
ဒီလိုဆိုရင်
ဘေဂျင်းကရော ဖိလစ်ပိုင်နဲ့ ပြန်ပေါင်းထုတ်ဖို့ ဘာလို့ စီစဉ်ရတာလဲ။ ASPI ရဲ့ ကမ္ဘာ့အရေး ကျွမ်းကျင်သူ မယ်လ်ကွမ်ဒေးဗစ်က ဘေဂျင်းရဲ့ လက်ရှိ တုန့်ပြန်မှုတွေဟာ
မဟာဗျူဟာ ရည်ရွယ်ချက်နဲ့ အန္တရာယ် စီမံခန့်ခွဲမှုတို့ကို ပေါင်းစပ်ထားတာလို့
ဆိုပါတယ်။
.
တရုတ်ဟာ
သူတို့ရဲ့ ‘Nine-dash
line’ လို့ခေါ်တဲ့ နယ်မြေသတ်မှတ်မှုတွေကနေ ထွက်မသွားသေးပဲ
တောင်တရုတ်ပင်လယ်ကို ထိန်းချုပ်ဖို့ ကြိုးစားနေဆဲပါ။
.
‘Nine-dash
line’ ဆိုတာကတော့ တရုတ်မြေပုံတွေမှာ ဖော်ပြထားတဲ့ နယ်မြေသတ်မှတ်ချက်
ဖြစ်ပြီး တောင်တရုတ် ပင်လယ်မှာ နေရာ တော်တော်များများ ရယူထားတာကို တွေ့ရမှာပါ။ ဒါပေမယ့်
တစ်ဖက်မှာလည်း ကမ္ဘာ့နိုင်ငံရေး ရေချိန် မြင့်တက်နေချိန်မှာ မလိုအပ်တဲ့
တင်းမာမှုတွေကို လျော့ချဖို့ တရုတ်က ပြင်ဆင်နေတာပါ။
.
အဓိက
အားဖြင့်တော့ ဖိလစ်ပိုင်က အမေရိကန်ကို စစ်ရေးဆိုင်ရာ အခွင့်အရေးတွေ
အများကြီးပေးလိုက်မှာကို တရုတ်က သတိထားနေတာ ဖြစ်ပြီး ဒီအခြေအနေကို
လျော့ချနိုင်ဖို့ ဖိလစ်ပိုင်ရဲ့ ပြန်လည် ချည်းကပ်လာမှုကို လက်ခံလိုက်တာပါပဲ။
Ref - CNN


No comments:
Post a Comment