★
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်ဖက်ကနေ တင်ပြထားတဲ့
အဆိုပြုချက်တွေ အပေါ် အီရန်ရဲ့ တုန့်ပြန်ချက်တွေက လက်ခံနိုင်စရာ မရှိကြောင်း
ပြောဆိုလိုက်ပါတယ်။ နှစ်နိုင်ငံကြား ယာယီ အပစ်အခတ် ရပ်စဲထားခဲ့ပေမယ့်လည်း
ရေရှည်ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် ခက်ခဲနေဆဲ ဖြစ်တယ်လို့ ထရမ့်က သူ့ရဲ့ လူမှုကွန်ယက်မှာ
မှတ်ချက်ပေးထားပါတယ်။ ဒါ့အပြင် အီရန်အစိုးရက အမေရိကန်အပေါ် လှည့်ကွက်တွေ လုပ်ပြီး
ကစားနေတယ်လို့ ထရန့်က စွပ်စွဲထားပါတယ်။
.
★
အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ ဟဇ်ဘိုလာဖက်က ပြန်လည် တိုက်ခိုက်မှုတွေကြားမှာ
အပစ်ရပ် သဘောတူညီချက် ပျက်ပြားသွားမှာကို ပြည်သူတွေက စိုးရိမ်နေကြတာပါတယ်။
အစ္စရေးရဲ့ ဒီရက်ပိုင်း တိုက်ခိုက်မှုတွေက လူသေဆုံးမှုတွေ ရှိလာခဲ့သလို ဟဇ်ဘိုလာ
ဖက်ကလည်း အစ္စရေးနယ်မြေ တချို့ကို ပြန်လည် တိုက်ခိုက်နေခဲ့တာပါ။ လက်ရှိမှာတော့
အစ္စရေးနဲ့ လက်ဘနွန်အကြား အပစ်အခတ်ရပ်စဲရေး စာချုပ်က အသက်ဝင်နေဆဲ ဖြစ်ပါတယ်။
.
★
အမေရိကန်နဲ့ အီရန်ကြား ဆွေးနွေးမှုတွေ ရပ်တန့်သွားတဲ့နောက် ရေနံဈေးက
၃% ပြန်လည် မြင့်တက်လာခဲ့ပါတယ်။ ရေနံတစ်စည်ကို ဒေါ်လာ ၁၀၄.၅၀ အထိ
ပြန်မြင့်တက်လာခဲ့ပြီး အရေးကြီးတဲ့ ရေနံတင်ပို့မှု လမ်းကြောင်းတွေလည်း
ရပ်တန့်ထားရဆဲပါ။ ဟောမုရေလက်ကြား အပိတ်ခံထားရဆဲဖြစ်တဲ့ အခြေအနေမှာ
ရေနံသင်္ဘောတွေလည်း ဆက်လက်ပိတ်မိနေဆဲဖြစ်ပြီး အီရန်ဖက်ကတော့ သူတို့နိုင်ငံအပေါ်
ပိတ်ဆို့မှုတွေ ပြုလုပ်နေတဲ့ နိုင်ငံတွေရဲ့ သင်္ဘောတွေကို ဟောမုကနေ ဖြတ်တဲ့အခါ
သတိထားဖို့ ခြိမ်းခြောက်ထားပါတယ်။
.
★
တရုတ်နိုင်ငံဟာ အမေရိကန်နဲ့ အီရန်ကြား အာမခံပေးတဲ့
နိုင်ငံတစ်ခု ဖြစ်လာနိုင်တယ် ဆိုတဲ့အကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးက
မှတ်ချက်ပေးလိုက်ပါတယ်။ အီရန်နဲ့ တရုတ်တို့ရဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း
တွေ့ဆုံမှုတွေမှာ တရုတ်နိုင်ငံဖက်က အီရန်ကို ကူညီပေးမယ်ဆိုတဲ့ ကတိစကားကို
ရရှိခဲ့ပြီး အမေရိကန်နဲ့ အီရန်တို့ရဲ့ ဆွေးနွေးမှုတွေမှာ အီရန်ဖက်ကနေ တရုတ်က
အာမခံပေးမယ့် အနေအထားပါ။
.
#KBZTai #Shan #International
.
Link -

No comments:
Post a Comment