UWSA “ဝ” တပ်ဖွဲ့နှင့် အထူးဒေသ-၄ (မိုင်းလား) NDAA တပ်ဖွဲ့တို့ ပူးပေါင်းပြီး အွန်လိုင်းငွေလိမ်လုပ်ငန်း များကို ရှာဖွေဖော်ထုတ် ဖမ်းဆီးခဲ့ရာ တရုတ်နိုင်ငံသား ၁၀ ဦး အပါအဝင် စုစုပေါင်း ၇၈ ဦး ဖမ်းဆီးရမိခဲ့ ကြောင်း WSP သတင်းက မေလ ၉ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
.
စုံစမ်းရရှိထားသည့် သတင်းအရ UWSA “ဝ” တပ်ဖွဲ့နှင့် NDAA မိုင်းလားတပ်ဖွဲ့တို့ ပူးပေါင်းပြီး အွန်လိုင်း လိမ်လည်မှုလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ တရုတ်နိုင်ငံသား ၁၀ ဦး အပါအဝင် စုစုပေါင်း ၇၈ ဦးကို အွန်လိုင်းလိမ်လည်လုပ်ငန်း လုပ်ကိုင်သည့် အခန်း ၁၉ ခန်းအတွင်း ကွန်ပျူတာများ၊ လက်ကိုင်ဖုန်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိခဲ့သည့် တရုတ်နိုင်ငံသား ၁၀ ဦးကို ကွန်ပျူတာ ၆၁၁ လုံး၊ လက်ကိုင်ဖုန်း ၅၃၅ လုံးနှင့်အတူ တရုတ်အစိုးရထံ မိုင်းလားနယ်စပ်၊ တာလော့ဂိတ်မှတစ်ဆင့် လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ပြီးခဲ့သည့် မေ ၄ ရက်ကလည်း “ဝ” ဒေသသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၂၉ ဦးကို နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။



No comments:
Post a Comment