နည်းစနစ်ပိုင်း သုံးသပ်ချက်
.
၂၀၂၆ ခုနှစ်၊ မေလ ၉ ရက်
.
မနက်ဖြန်မနက် ၉ နာရီလောက်ဆိုရင် ဗန်နဲ့ တိုင်ရာ
တို့ရဲ့ပွဲကို မြန်မာပရိသတ်တွေ ကြည့်ရတော့မှာပါ။ မြန်မာပရိသတ်တွေကတော့ သေချာပေါက်
ဗန် ကိုပဲ အားပေးမှာပါ။ ဒါပေမဲ့ တစ်ဖက်မှာလည်း တိုင်ရာက ဂျပန်နိုင်ငံရဲ့
အားအကောင်းဆုံး တိုက်ခိုက်ရေးသမားတွေထဲက တစ်ယောက်မို့ ဒီပွဲမှာ ဗန် နိုင်ဖို့
လွယ်ပါ့မလား။ ကျွန်တော့်ရဲ့ ဒီပွဲအပေါ်သုံးသပ်ချက်လေးတွေကို
ပြန်လည်မျှဝေပေးလိုက်ပါတယ်။
.
◇ ဗန်ရဲ့ အားသာချက်
.
ဒီပွဲမှာ ဗန်ရဲ့ အားသာချက်က ဘောက်ဆင်ဖက်မှာ
တိုင်ရာထက် ပိုကောင်းတာပါ။ ဗန်ရဲ့ အဓိက လက်နက် က သူ့ရဲ့လက်သီးတွဲလုံးတွေဖြစ်ပြီး
လက်သီးချက်တိုင်းက အန္တရာယ်ရှိတဲ့သူပါ။ Pocket Exchange လို့ခေါ်တဲ့
ဖိုက်တာနှစ်ယောက် အနီးကပ်ထိုးရတဲ့ လက်သီးချက်ဖလှယ်မှုတွေမှာ ဗန်က အရမ်းအားသာ ပါတယ်။
အချီကြာလေလေ စွမ်းဆောင်ရည်ကောင်းလာလေလေ ဆိုတာက ဗန်ရဲ့အားသာချက် နောက်တစ်ခု
ဖြစ်ပြီး ၅ ချီလောက်ကို ကောင်းကောင်းထိန်းထားနိုင်တဲ့ ပုံစံမျိုးပါ။ တချို့တွေက
ကြာကြာထိုးရလေလေ ပင်ပန်းလာလေလေ ဆိုပေမဲ့ ဗန်ကတော့ အချိန်ကြာလာလေလေ
သူ့ရဲ့အဖျက်စွမ်းအားက ပိုအလုပ်လုပ် လာလေ ဆိုတဲ့ပုံစံမျိုးပါ။ တိုင်ရာလို
ချုပ်ကစားဖို့ အားသန်တဲ့ သူတွေအတွက် ဒါက ပြသနာတစ်ခုပါပဲ။
.
ဗန်ရဲ့နောက်ထပ်အားသာချက်တစ်ခုက လှဲချဖို့
ကြိုးစားခံရတာကို ကာကွယ်တဲ့ စွမ်းရည် မြင့်တက် လာတာပါ။ အစောပိုင်းပွဲတွေမှာ
ခံစစ်အားနည်းတာတွေ ရှိခဲ့ပေမဲ့လည်း နောက်ပိုင်းမှာတော့ ဗန် ကို လွယ်လွယ်နဲ့
လှဲချလို့ မရတော့တာမျိုးကို မြင်လာကြရပါတယ်။
.
◇ ဗန်ရဲ့အားနည်းချက်
.
ဒီပွဲမှာ ဗန်ရဲ့အားနည်းချက်က ဘာလဲဆိုတော့
ကြံ့ခိုင်မှုပိုင်းအရမ်းအားကောင်းတဲ့ ကစားသမားမျိုး ဖြစ်မနေ တာပါပဲ။ တစ်ဖက်မှာ
သူ့ရဲ့ပြိုင်ဖက် တိုင်ရာက ခြေတံလက်တံရှည်တယ်၊ ပိုတောင့်တယ်၊ Clinch
Leverage လို့ခေါ်တဲ့ ခန္ဓာကိုယ်ကို အသုံးချပြီး ပြိုင်ဖက်ကို
ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ပိုကောင်းတာမို့ အဲဒီအပိုင်းမှာ ဗန်က ခက်နေမှာပါ။
.
ဒါ့အပြင် ဗန်က တိုက်စစ်အားသန်တဲ့ ကစားသမားမို့
အစောပိုင်းမှာ ပြိုင်ဖက်ရဲ့တိုက်ခိုက်မှုကို ခံရနိုင်ချေ လည်း ရှိပါသေးတယ်။
.
◇ တိုင်ရာ ရဲ့
အားသာချက်
.
တိုင်ရာရဲ့ အားအကောင်းဆုံး အစိတ်အပိုင်းက
နေရာယူပြီး ပြိုင်ဖက်ကို ချုပ်တတ်တာပါ။ back take လို့ခေါ်တဲ့
ပြိုင်ဖက်ရဲ့နောက်ကျောဖက်ကနေ နေရာယူပြီး တိုက်တတ်တာ၊ ခန္ဓာကိုယ်ကို လိုသလိုပုံစံ ပြောင်းပြီး
ချုပ်တတ်တာနဲ့ ပြိုင်ဖက်ကို လှဲချနိုင်ပြီဆိုတာနဲ့ အသာစီးရအောင် ကစားတတ်တာ စတာတွေက
တိုင်ရာရဲ့အားသာချက်တွေပါပဲ။
.
ဒါ့အပြင် ပြီးခဲ့တဲ့ပွဲတွေမှာ ကြည့်ရသလောက်ဆို
တိုင်ရာရဲ့ တိုက်ခိုက်ရေးဉာဏ်ရည်က မြင့်ပါတယ်။ သူ အထိုးခံရလို့ စိတ်ခံစားမှု
မြင့်တက်လာတဲ့ ကစားသမားမျိုး မဟုတ်သလို အချိန်ကိုက်လှဲချနိုင်မှု၊ အန္တရာယ် ကင်းအောင်
နေရာယူတတ်မှု၊ သူ့ရဲ့တိုက်ခိုက်မှုပုံစံကို ထိန်းထားနိုင်မှုတွေမှာလည်း တိုင်ရာက
အားသာ ပါတယ်။
.
◇ တိုင်ရာရဲ့
အားနည်းချက်
.
ဒီပွဲမှာ တိုင်ရာရဲ့အားနည်းချက်ကို
ပြောပါဆိုရင်တော့ သူ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်က ဗန်ထက် နိမ့်တာပါပဲ။ တိုင်ရာက
အနိုင်ရအောင်လုပ်နိုင်တဲ့ အချုပ်၊အလှဲတွေမှာ အားသာပေမယ့် ဗန်နဲ့ လက်သီးချင်း ယှဉ်ထိုးဟေ့ဆိုရင်တော့
ဘယ်လိုမှ သာမှာမဟုတ်ပါဘူး။
.
တိုင်ရာရဲ့အားသာချက်က ပြိုင်ဖက်ကိုချုပ်ပြီး
အနိုင်ယူတဲ့ပုံစံဖြစ်တာမို့ အစောပိုင်းအချီတွေမှာသာ အနိုင်မယူနိုင်ရင်
တဖြည်းဖြည်းအနိုင်ရဖို့ ခက်သွားမှာကလည်း အားနည်းချက်တွေထဲက တစ်ခု ဖြစ်လာပါတယ်။
.
◇ ဗန် ဘယ်လို
နိုင်နိုင်လဲ
ဗန်အနေနဲ့ တိုင်ရာရဲ့အလှဲတွေ အချုပ်တွေကို
အစောပိုင်းအချီတွေမှာ ရှောင်နိုင်မယ်၊ သူ့ရဲ့အားသာတဲ့ လက်သီးချက်တွေကို
ထိထိရောက်ရောက် သုံးနိုင်မယ်ဆိုရင် ဗန် နိုင်မှာပါ။ ထိုးရတဲ့အချီ ကြာလာလေလေ၊ ဗန်က
တိုင်ရာကို အလဲထိုးဖို့ အခွင့်အရေးများလေလေပါပဲ။
.
◇ တိုင်ရာ ဘယ်လို
နိုင်နိုင်လဲ
.
တိုင်ရာအနေနဲ့ အစောပိုင်းပွဲချိန်တွေမှာ ဗန်ကို
လှဲချနိုင်မယ်ဆိုရင် အနိုင်ရဖို့ အခွင့်အရေးမြင့်ပါတယ်။ တိုင်ရာရဲ့
အားအင်ပြည့်နေတဲ့အချိန်၊ သူ့ရဲ့ချုပ်ကွက်တွေနဲ့ မိသွားခဲ့ရင် ဗန်တစ်ယောက်
နာလန်ထူဖို့ ခက်ပါလိမ့်မယ်။
.
◇ ဒီပွဲက ဘယ်သူက
အနိုင်ရနိုင်ချေမြင့်လဲ
အလေးပေးမှုတွေမှာတော့ တိုင်ရာက ဗန်ထက်
အနိုင်ရနိုင်ချေမြင့်တယ်လို့ အလေးပေးခံထားရတာပါ။ တိုင်ရာရဲ့ပွဲချိန်အတွင်း
လျှင်မြန်မှုနဲ့ ပြိုင်ပွဲကို ထိန်းချုပ်နိုင်မှုက Elite Level လို့တောင် သုံးသပ်မှုတွေ ရှိထားပါတယ်။ ဒါပေမယ့် ဗန်ဆိုတာကလည်း
လျော့တွက်လို့မရတဲ့ ဖိုက်တာမျိုးဆိုတော့ တိုင်ရာအနေနဲ့ အစောပိုင်းအချီတွေမှာသာ
အပြတ်မဖြတ်နိုင်ရင် ဗန်ရဲ့အနိုင်ရနိုင်ချေကလည်း ပြန်လည်မြင့်တက်သွားမှာပါပဲ။ ရင်ခုန်ရမယ့်
ပြိုင်ပွဲမျိုးပေါ့။
.

No comments:
Post a Comment