ယူအေအီးကို အနိုင်ကျင့်နေတဲ့ အီရန်နဲ့ မနက်ခင်းနောက်ဆုံးရ နိုင်ငံတကာသတင်းများ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, May 9, 2026

ယူအေအီးကို အနိုင်ကျင့်နေတဲ့ အီရန်နဲ့ မနက်ခင်းနောက်ဆုံးရ နိုင်ငံတကာသတင်းများ

 


အီရန်ဖက်ကနေ ထပ်မံ တိုက်ခိုက်မှုတွေကြောင့် လူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်ဆိုတဲ့အကြောင်း ယူအေအီး ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။ အီရန်ဖက်ကနေ ဒီနေ့ မနက်ပိုင်းမှာ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည် ၂ စင်းနဲ့ ဒရုန်း ၃ စင်းကို ယူအေအီးဖက်က ပစ်ချနိုင်ခဲ့ပေမယ့်လည်း ဒရုန်း တစ်စင်းကတော့ မြေပြင်ပေါ် ကျလာခဲ့တာပါ။ ယူအေအီးဟာ ပြီးခဲ့တဲ့ ၂ လအတွင်းမှာ အခြားနိုင်ငံတွေထက် အီရန်ရဲ့တို က်ခိုက်မှုကို ပိုပြီး ခံရတဲ့ နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

.
အီရန်ရဲ့ တော်လှန်ရေးတပ်ဖွဲ့ (IRGC) ရေတပ်က ဟောမုဇ်ရေလက်ကြားမှာ ညအချိန် တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးတဲ့နောက် ကုန်တင်သင်္ဘောတွေကို အမေရိကန် စစ်သင်္ဘောတွေနဲ့ ဝေးဝေးမှာ နေဖို့ သတိ ပေးလိုက်ပါတယ်။ CNN ကနေ သိရတဲ့ အသံဖိုင်အရ IRGC ဖက်ကနေ အမေရိကန် စစ်သင်္ဘောတွေနဲ့ အနည်းဆုံး ၁၀ မိုင်အကွာမှာ နေဖို့ သတိပေးခဲ့တာ ဖြစ်ပြီး သင်္ဘောတွေ အားလုံး ဒူဘိုင်းနဲ့ နီးစပ်တဲ့ တောင်ဖက်ပိုင်းကို ရွှေ့ပြောင်း နေကြပြီလို့ သိရပါတယ်။

.
အီဂျစ်သမ္မတ အယ်စီစီ က အီရန်ရဲ့ တိုက်ခိုက်မှုမှာ ယူအေအီး ဖက်ကနေ ရှိနေတယ်လို့ ပြသဖို့အတွက် ယူအေအီး နိုင်ငံကို အလည်အပတ်ခရီး သွားရောက်ခဲ့ပါတယ်။ ယူအေအီး သမ္မတ မိုဟာမက်ဘင်ဇာယက်နဲ့ အယ်လ်စီစီ တို့ဟာ အဘူဒါဘီမြို့ထဲက ဈေးဝယ်စင်တာ တစ်ခုထဲကို အတူ သွားခဲ့ကြပြီး ပြည်သူတွေ အံ့အား သင့်ခဲ့ကြရတာပါ။ ဒါပေမယ့် အယ်စီစီ ရောက်ရှိပြီး နာရီပိုင်းအတွင်းမှာပဲ အီရန်ဖက်ကနေ ပစ်ခတ်မှုတွေ ထပ်လုပ်ခဲ့တာမို့ နိုင်ငံထဲမှာ ဒုံးကျည်အချက်ပေး ဥဩသံတွေကို ကြားခဲ့ကြရပါတယ်။
.

အီရန်အလံ တင်ထားတဲ့ ရေနံတင်သင်္ဘော ၂ စီးက ဟောမုဇ်ရေလက်ကြားမှာ အမေရိကန်ရဲ့ တားဆီးမှုကို ဖြတ်ကျော်ဖို့ ကြိုးစားနေချိန် ပစ်ခတ်တားဆီးခဲ့တယ်လို့ အမေရိကန် ဗဟိုစစ်ဌာနချုပ်က ပြောပါတယ်။ သင်္ဘော ၂ စီးရဲ့ မီးခိုးခေါင်းတိုင်တွေကို တိုက်လေယာဉ် တစ်စင်း စေလွှတ်ပြီး ပစ်ချခဲ့တာ ဖြစ်ကြောင်းနဲ့ အီရန်နိုင်ငံထဲကို မဝင်ရောက်နိုင်အောင် တားဆီးခဲ့တာ ဖြစ်တဲ့အကြောင်း တွစ်တာမှာ ထုတ်ပြန်ထားပါတယ်။ ဒီတားဆီးမှုက အမေရိကန်စစ်သင်္ဘောတွေကို အီရန်ဖက်က ပစ်ခတ်ပြီးတဲ့နောက် ဖြစ်ပေါ်လာတာလည်း ဖြစ်ပါတယ်။ အမေရိကန်ဖက်ကတော့ အီရန်နဲ့အကြား အပစ်အခတ် ရပ်စဲရေးက ဆက်လက်ရှိနေဆဲလို့ ဆိုပါတယ်။

.
အမေရိကန် စစ်ဘက်ရဲ့ ကွပ်ကဲရေးဌာန ထုတ်ပြန်ချက်တွေအရ အီရန်ဆိပ်ကမ်းတွေဆီ ဝင်ထွက်ဖို့ ကြိုးစားနေတဲ့ သင်္ဘော ၇၀ ကျော်ကို အမေရိကန်တပ်တွေ တားဆီးထားတဲ့အကြောင်း သိရပါတယ်။ အဲဒီသင်္ဘော အားလုံးက ရေနံတင် သင်္ဘောတွေ ဖြစ်ကြပြီး အီရန်နိုင်ငံထဲက ရေနံစည်စုစုပေါင်း ၁၆၆ သန်းကျော်၊ ငွေကြေးအားဖြင့် ဒေါ်လာ ၁၃ ဘီလီယံလောက်ကို တင်ဆောင်လာကြတာပါ။ ဒီအခြေအနေက ကမ္ဘာ့ရေနံ ဈေးကွက်ကို ထပ်မံ ထိခိုက်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက မှတ်ချက်ပေးနေကြပါတယ်။
.

ကမ္ဘာ့စားနပ်ရိက္ခာ ဈေးနှုန်းတွေက ဧပြီလ အတွင်းမှာလည်း ဆက်လက် မြင့်တက်လာနေပြီး ၃ လဆက်တိုက် ဈေးနှုန်းမြင့်တက်မှု ဖြစ်လာနေတယ်ဆိုတဲ့အကြောင်း ကုလသမဂ္ဂ အစားအစာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) က ထုတ်ပြန်ခဲ့ပါတယ်။ သီးနှံ၊ အသားနဲ့ ဟင်းသီးဟင်းရွက်ဈေးနှုန်းတွေ မြင့်တက်လာနေဆဲ ဖြစ်ပြီး နို့ထွက်ပစ္စည်းတွေနဲ့ သကြားကတော့ ဈေးနှုန်းအနည်းငယ်ကျ ဆင်းသွားခဲ့ပါတယ်။ ဟောမုဇ် ရေလမ်းကြောင်း ပိတ်ဆို့မှုက ကမ္ဘာ့စီးပွားရေးကိုပါ ထိခိုက်နေပြီး စွမ်းအင်နဲ့ မြေဩဇာ ကုန်ကျစရိတ်တွေ မြင့်တက်နေတာကြောင့် ဖြစ်တယ်လို့ FAO က သတိပေးထားပါတယ်။

No comments:

Post a Comment

Pages