.
၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်
.
အမေရိကန်ဘောလုံးလိဂ်ဖြစ်တဲ့ မေဂျာလိဂ်ရဲ့
အင်္ဂါနေ့ထုတ်ပြန်ချက်တွေအရ မက်ဆီဟာ မေဂျာလိဂ်မှာ လစာအမြင့်ဆုံး ကစားသမားအဖြစ်
ဆက်လက်ရပ်တည်နေဆဲဖြစ်ပြီး သူ့ရဲ့နှစ်စဉ် အခြေခံလစာက ဒေါ်လာ ၂၅ သန်းရရှိနေတာပါ။
.
.ဒီပမာဏက ဒုတိယလစာအမြင့်ဆုံးအဖြစ် ရပ်တည်နေတဲ့
တောင်ကိုရီးယားတိုက်စစ်မှူး ဆွန်ဟောင်မင် ထက် ၂ ဆ များပါတယ်။
.
ကစားသမား လစာငွေစာရင်း အသစ်မှာ ပြီးခဲ့တဲ့
အောက်တိုဘာက ချုပ်ဆိုခဲ့တဲ့ မက်ဆီနဲ့ အင်တာမိုင်ယာမီရဲ့ စာချုပ်သက်တမ်းတိုးမှုကို
ထည့်သွင်းဖော်ပြထားပြီး ဒီစာချုပ်ကြောင့် မက်ဆီက ၂၀၂၈ ခုနှစ်အထိ မိုင်ယာမီ မှာ
ဆက်ပြီး ကစားပေးသွားမှာဖြစ်ပါတယ်။
.
ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ မက်ဆီရဲ့
အခြေခံလစာက ၂ ဆ တိုးလာခဲ့ပြီး သူ့ရဲ့ပုံရိပ် အသုံးပြုမှုတွေ၊ ကြော်ငြာဝင်ငွေတွေ
မပါသေးပါဘူး။
.
ပြီးခဲ့တဲ့ ဩဂုတ်လမှာ စပါးအသင်းကနေ LA FC
အသင်းဆီ ဒေါ်လာ ၂၆ သန်းနဲ့ ရောက်လာတဲ့ ဆွန်ဟောင်မင် ကတော့
တစ်နှစ်လစာငွေ ဒေါ်လာ ၁၀ သန်းကျော်သာ ရရှိနေပြီး ပုံရိပ်အသုံးပြုမှုတွေကိုပါ
ထည့်သွင်းတွက်ချက်လိုက်ရင် တစ်နှစ်ကို ဒေါ်လာ ၁၁ သန်းကျော်တော့ ရရှိနေတာပါ။
.
ဒီလစာတွေထဲမှာ ကြော်ငြာစာချုပ်ကရတဲ့
ဝင်ငွေတွေမပါသေးသလို မက်ဆီရဲ့ ဝင်ငွေစာရင်းမှာလည်း တခြားကနေ ရရှိတဲ့
စီးပွားရေးဝင်ငွေတွေ မပါသေးပါဘူး။
.
အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ လာမယ့်
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားရဲ့ ချန်ပီယံဆုကို ကာကွယ်ဖို့
ဦးဆောင်လာမှာဖြစ်ပြီး ဒီရာသီ မေဂျာလိဂ်မှာလည်း စွမ်းဆောင်ရည်ကောင်းတွေ ပြခဲ့တာပါ။
.
မက်ဆီက မေဂျာလိဂ်မှာ ကစားခဲ့တဲ့ ပွဲစဉ် ၆၄
ပွဲမှာ ၅၉ ဂိုးသွင်းခဲ့ပြီး ပြီးခဲ့တဲ့ ရာသီမှာ သွင်းဂိုး ၂၉ ဂိုးနဲ့ မေဂျာလိဂ်ရဲ့
ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် မေဂျာလိဂ်ရဲ့ တန်ဖိုးအရှိဆုံး ကစားသမား
ဆုကိုလည်း ၂ နှစ်ဆက်တိုက် ရရှိခဲ့တာပါ။
.
မေဂျာလိဂ်ရဲ့ တတိယမြောက် လစာအမြင့်ဆုံး
ကစားသမားနေရာမှာတော့ မက်ဆီရဲ့ အသင်းဖော် ဒီပေါလ်က တစ်နှစ်လစာ ၉.၇ သန်းနဲ့
ရပ်တည်နေပြီး စတုတ္တနေရာမှာတော့ ဆန်ဒီယေဂိုအက်ဖ်စီရဲ့ ကစားသမား လိုဇာနိုက
တစ်နှစ်လစာ ဒေါ်လာ ၉.၃ သန်းနဲ့ ရပ်တည်နေပါတယ်။
.
မေဂျာလိဂ်ရဲ့တာဝန်ရှိသူတွေကတော့
လိဂ်တစ်ခုလုံးရဲ့ စုစုပေါင်းအသုံးစရိတ်ဟာ ဒေါ်လာ ၆၃၁ သန်း ရှိတယ်လို့
ဖော်ပြထားပါတယ်။
.

No comments:
Post a Comment