အင်းလေးဒေသ ဘုရားတောင်နှင့် ညောင်ရွှေ လိုင်းကား ပြန်လည်ပြေးဆွဲမည် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, May 13, 2026

အင်းလေးဒေသ ဘုရားတောင်နှင့် ညောင်ရွှေ လိုင်းကား ပြန်လည်ပြေးဆွဲမည်

.

၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ဘုရားတောင်ကျေးရွာမှ ညောင်ရွှေမြို့ပေါ် သို့ လိုင်းကား ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

.

.

“ဘုရားတောင်-ညောင်ရွှေလိုင်းကားက ပြေးဆွဲနေတာတော့ ကြာပါပြီ။ COVID-19 မှာ နားလိုက်ပြီးတော့ အခုမှ ပြန်ဆွဲတာပါ။ ဘုရားတောင်ပရဟိတကျောင်းမှာ ကျောင်းသား/သူတွေက များတယ်။ ဆရာတော်နဲ့ ဒေသခံတွေက သွားလာရေး အခက်အခဲဖြစ်တာကြောင့် (လိုင်း) ပြန်ဖွင့်ပေးဖို့ တောင်းဆိုလို့ ပြန်ဆွဲဖြစ် တာပါ” ဟု ညောင်ရွှေ-ဘုရားတောင်ဂိတ်မှူးက ပြောသည်။

.

ညောင်ရွှေ-စံကား-ဘုရားတောင် ယာဉ်လိုင်းကို ယခင် ပြေးဆွဲစဉ်က ခရီးသည်တစ်ဦးလျှင် ကားခ ၄၀၀၀ ကျပ် ကောက်ခံခဲ့ပြီး ယခုအခါ စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုကြောင့် ကားခဈေးနှုန်း မသတ်မှတ်ရသေးဘဲ ညှိနှိုင်းတိုင်ပင်နေဆဲဖြစ်သည်ဟု ၎င်းထံက သိရသည်။

.

ညောင်ရွှေ-တောင်ကြီး ခရီးစဉ်အတွက် ယာဉ်စီးခမှာ စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုကြောင့် ခရီးသည်တစ်ဦး လျှင် ၅၀၀၀ ကျပ် ကောက်ခံပြီး ကားတစ်စီးလျှင် ခရီးသည် ၁၂ ဦးသာ တင်ဆောင်ပြေးဆွဲပေးနေကြောင်း သိရသည်။

.

အဆိုပါ ညောင်ရွှေ-စံကား-ဘုရားတောင် ယာဉ်လိုင်းကို မေလ ၁၇ ရက်မှ စတင်ပြီး တစ်ရက်တစ်းစီးနှုန်းဖြင့် နေ့စဉ် နေ့လယ် ၁ နာရီ အချိန်တွင် ပြန်လည်ပြေးဆွဲပေးသွား မည်ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages