.
၂၀၂၆ ခုနှစ်၊ မေလ ၁၀ ရက်
.
၂၀၂၆ ခုနှစ် မေလအတွက် K-Pop မိန်းကလေးအဖွဲ့ ရပ်တည်မှုစာရင်းတွေ ထွက်လာခဲ့ပါပြီ။ Black Pink ရဲ့ အောင်မြင်မှုအရှိန်တွေ မကျသေးပေမဲ့ IVE ကိုတော့
မကျော်နိုင်ခဲ့ဘဲ ဒုတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ ပါတယ်။
.
.ဒီ ရပ်တည်မှုက ဧပြီ ၁၀ ရက်ကနေ မေလ ၁၀ ရက်နေ့အထိ
အချက်အလက်တွေကို အခြေခံထားတာဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးမှု၊ မီဒီယာတွေရဲ့
အလေးပေးမှုနဲ့ အခြားစစ်တမ်းတွေအပေါ် အခြေခံထားတဲ့ အချက်တွေပါ။
.
ပြီးခဲ့တဲ့ လတုန်းက ရပ်တည်မှုအဆင့်မှာ နံပတ် ၁
ဖြစ်ခဲ့တဲ့ IVE က ဒီလမှာလည်း ထိပ်ဆုံးကနေပဲ ဆက်လက် ရပ်တည်ခဲ့ပြန်ပါတယ်။
ကျော်ကြားမှုရမှတ် ၄ သန်းကျော်ရခဲ့ပြီး အွန်လိုင်းမှာ ရှာဖွေမှုလည်း အမြင့်ဆုံး ဖြစ်ခဲ့တာပါ။
“Bang Bang” “ARCH-IVE” စတဲ့စာလုံးတွေက သူတို့ရဲ့
အပတ်သက်ဆုံး စကားလုံးတွေ ဖြစ်ခဲ့ပြီး ပရိသတ်တွေဆီကနေ အကောင်းမြင်တဲ့ တုန့်ပြန်မှု
၉၃.၄၁% အထိ ရရှိခဲ့ပါတယ်။
.
ဂျန်းနီ၊ လီဆာ၊ ရို့စ်နဲ့ ဂျီဆိုး တို့ရဲ့ Black
Pink ကတော့ အမျိုးသမီးကေပေါ့ပ်လောကရဲ့ ထိပ်ပိုင်း နေရာတွေကို
ဆက်လက်သိမ်းပိုက်နေဆဲပါ။ အဖွဲ့လိုက်လှုပ်ရှားမှု နည်းနေပေမဲ့
တစ်ဦးချင်းလှုပ်ရှားမှုတွေ ကနေ သူတို့ရဲ့ ပုံရိပ်ကို ဆက်လက်ထိန်းထားနိုင်ဆဲပါ။
ဒါပေမဲ့လည်း IVE ကိုတော့မကျော်ဖြတ်နိုင်ခဲ့ဘဲ
ကျော်ကြားမှုရမှတ် ၄ သန်းနီးပါးသာ ရခဲ့ပါတယ်။
.
ILLIT ကတော့ ပြီးခဲ့တဲ့ လကနဲ့ နှိုင်းယှဉ်ရင်
ကျော်ကြားမှုရမှတ် အများကြီးတိုးတက်လာခဲ့ပြီး ရမှတ် ၃ သန်းကျော်နဲ့ တတိယနေရာကို
တက်လာခဲ့ပါတယ်။
.
စတုတ္တနေရာမှာတော့ LE SSERAFIM က ကျော်ကြားမှုရမှတ် ၃ သန်းနီးပါး ရရှိခဲ့ပြီး သူတို့ရဲ့တိုးတက်မှုကို
ပြလာခဲ့ပါတယ်။ ဒါပေမဲ့ ထိပ်ဆုံးနေရာတွေကို စိန်ခေါ်နိုင်ဖို့တော့ ကြိုးစားနေရဆဲပါ။
.
၂၀၂၆ ခုနှစ်အတွင်းမှာ အဖွဲ့လိုက်သီချင်းတွေ
မထွက်နိုင်သေးပေမဲ့ ကမ္ဘာအနှံ့ဖျော်ဖြေရေးပွဲတွေမှာ အောင်မြင်နေတဲ့ TWICE ကတော့ ဒီလရဲ့အဆင့် ရပ်တည်မှုမှာ အဆင့် ၅ နေရာကနေ ရပ်တည်သွားခဲ့ ပါတယ်။
.
တခြားနာမည်ကြီးအဖွဲ့တွေရဲ့ ရပ်တည်မှုတွေမှာတော့ Red
Velvet က အဆင့် (၈) နေရာ၊ Apink က အဆင့်
(၁၄)နေရာ၊ MAMAMOO အဆင့် (၁၈) နေရာနဲ့ Girl’s
Generation က အဆင့် (၂၇) နေရာတွေမှာ အသီးသီး ရပ်တည်ခဲ့ကြပါတယ်။
.

No comments:
Post a Comment