ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာရှိ ညောင်ကုန်း ပလောင်ကျေးရွာ အလကကျောင်း စာကြည့်တိုက်အတွက် KBZ Foundation နှင့် မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ရက် (Myanmar Women Entrepreneurs Network - MYANWEN)တို့ ပူးပေါင်း၍ စာအုပ်နှင့် စားပွဲများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
.
ညောင်ကုန်းကျေးရွာရှိ မူလတန်းကျောင်းသား/သူများနှင့် အများပြည်သူ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ KBZ Foundation နှင့် MYANWEN တို့က သုတ၊ ရသ စာအုပ်မျိုးစုံ ၃၄၄ အုပ်၊ စာကြည့်စားပွဲငယ် ၅ လုံး၊ ပျော့အိ မှီအုံး ၅ လုံးအပြင် ကျောင်းသား/သူများအတွက် စတီးဇလုံများအား ရှမ်းတောင်ပရဟိတညီနောင်များ ကွန်ရက်မှတစ်ဆင့် ယမန်နေ့ မေလ ၆ ရက်တွင် လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျေးလက်နှင့် အလှမ်းဝေးသောဒေသများရှိ ကလေးများအတွက် စာကြည့်တိုက်များသည် ပညာရေး အခွင့်အလမ်းများကို ပိုမိုကျယ်ပြန့်စေပြီး၊ စာအုပ်စာပေမှတစ်ဆင့် ဗဟုသုတ တိုးပွားလာစေကာ၊ ကလေး များ၏ အနာဂတ်ကို ပိုမိုတောက်ပစေ၍ လူမှုအသိုင်းအဝိုင်း တစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှုကိုပါ အထောက် အကူ ပြုနိုင်ရန် ရည်ရွယ်၍ လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
Photo - ရှမ်းတောင်ပရဟိညီနောင်များကွန်ရက်
.jpg)
.jpg)
.jpg)

No comments:
Post a Comment