.
၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်
.
ကိုရီးယားသမိုင်းမှာ နာမည်ကြီးတဲ့
ဟွာဆောင်းကွင်းဆက်လူသတ်မှု ဖြစ်စဉ်အကြောင်းကို ကျောရိုးယူပြီး ရိုက်ကူးထားတဲ့ The
Scarecrow ရုပ်သံဇာတ်လမ်းတွဲကတော့ ENA ရုပ်သံသမိုင်းတစ်လျောက်
ကြည့်ရှုသူ အမြင့်ဆုံး စံချိန်ကို ပိုင်ဆိုင်နေခဲ့ပါပြီ။
.
.ဒါတောင် ဒီဇာတ်လမ်းတွဲက အပိုင်း ၆ ပိုင်းသာ
ထုတ်လွှင့်ရသေးတာဖြစ်ပြီး လက်ရှိမှာ ထုတ်လွှင့်နေဆဲ ဇာတ်လမ်းတွဲပါ။
.
မေလ ၅ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့
အပိုင်းသစ်မှာတော့ အမြင့်ဆုံးကြည့်ရှုသူ အရေအတွက်ကို ထပ်မံ ရောက်ရှိခဲ့ပြီး
အပိုင်းသစ်တင်လိုက်တိုင်းမှာ ကြည့်ရှုသူတိုးမြင့်လာတဲ့ စံချိန်ကိုလည်း
ဆက်လက်ရရှိနေဆဲ ဖြစ်ပါတယ်။ အဲဒီအပိုင်းမှာ တစ်နိုင်ငံလုံးပျမ်းမျှကြည့်ရှုနှုန်း
၇.၄၁% ရရှိခဲ့ပြီး နိုင်ငံတဝှမ်း တချိန်တည်း ထုတ်လွှင့်နေတဲ့
ချန်နယ်တွေအားလုံးထဲမှာ ကြည့်ရှုနှုန်းအမြင့်ဆုံး ဖြစ်ခဲ့တာပါ။
.
ဒါ့အပြင် အင်္ဂါနေ့မှာ ပြသနေတဲ့
ရုပ်သံအစီအစဉ်တွေ အားလုံးထဲမှာ လူကြည့်အများဆုံး ဖြစ်ခဲ့ပြီး မနှစ်က
စံချိန်တင်ထားတဲ့ Ms. Incognito ရဲ့ ၇.၁%ကို
ကျော်ဖြတ်သွားခဲ့တာဖြစ်ပါတယ်။
.
ဒီဇာတ်လမ်းတွဲမှာ Squid Game ထဲက မင်းသား ပတ်ဟေဆိုး၊ Mouse ဇာတ်လမ်းထဲက မင်းသား
လီဟေးဂျွန် တို့ ပါဝင်ထားကြပြီး မင်းသမီးကတော့ Crash ဇာတ်လမ်းတွဲထဲက
မင်းသမီး ကွက်ဆွန်ယောင်းပါ။
.
ဇာတ်လမ်းအကျဉ်းကတော့ ဆိုးလ်ကနေ နယ်မြို့လေးဆီ
ရာထူးအချခံလိုက်ရတဲ့ စုံထောက်တစ်ယောက်ဟာ ပြီးခဲ့တဲ့ ၃၃ နှစ်က
ကွင်းဆက်လူသတ်သမားတစ်ယောက်ရဲ့အမှုဟောင်းကို ပြန်လည်စုံစမ်းဖို့ ဖြစ်လာတဲ့ အကြောင်းပါ။
လူသတ်မှုရဲ့နောက်ကွယ်က ရှုပ်ထွေးမှုတွေ၊ မထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်တွေကြားမှာ
ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရတဲ့ကားမို့ ကြည့်ရှုနှုန်းမြင့်နေသလို၊
ပရိသတ်စိတ်ဝင်စားမှုကလည်း အပတ်စဉ်တိုင်း ရှိလို့နေတာပါ။
.

No comments:
Post a Comment