ညောင်ရွှေမြို့နယ်အတွင်း လောင်းကစားဝိုင်းများ ပေါ်ပေါ်ထင်ထင် ပြုလုပ်နေပြီး ဖမ်းဆီးအရေးယူမှုမရှိ ဟုဆို - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, May 6, 2026

ညောင်ရွှေမြို့နယ်အတွင်း လောင်းကစားဝိုင်းများ ပေါ်ပေါ်ထင်ထင် ပြုလုပ်နေပြီး ဖမ်းဆီးအရေးယူမှုမရှိ ဟုဆို

.

၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်း လောင်းကစားဝိုင်းများ ပေါ်ပေါ်ထင်ထင် လုပ်ကိုင် နေကြပြီး အရေးယူဆောင်ရွက်မှုများ မရှိကြောင်း ဒေသခံများထံက သိရသည်။

.

.

ညောင်ရွှေမြို့၊ ရွှေရန်ပြေဘုရား အရှေ့ဘက်၊ ရွှေလင်ပန်း ဘုန်းကြီးကျောင်း ဝင်းအတွင်ဂျင်ဝိုင်း လောင်းကစားများကို ပေါ်ပေါ်ထင်ထင် ပြုလုပ်နေကြခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

.

“အခုလို လောင်းကစားဝိုင်းတွေ လုပ်နေတော့ ဒုစရိုက်မှုတွေ ပိုများလာမှာကို စိုးရိမ်နေရပါတယ်။ သူတို့က အဖမ်းအဆီးမရှိ အမိန့်ရ လောင်းကစားဝိုင်းလို လုပ်နေကြတာပါ” ဟု ညောင်ရွှေမြို့နယ် ဒေသခံတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောဆိုခဲ့သည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ ညောင်ရွှေမြို့မရဲစခန်းမှူး ဒုရဲမှူး ဝဏ္ဏကျော်အား ကမ္ဘောဇတိုင်းက ဆက်သွယ် မေးမြန်းရာတွင် “အတည်ပြုပေးပါမယ်” ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။

.

ယင်း လောင်းကစားဝိုင်းများကို ပြုလုပ်နေသည်မှာ ၁၅ ရက်ခန့် ရှိပြီဖြစ်ပြီး လေးကောင်ဂျင်ဝိုင်း၊ ဖဲဝိုင်းနှင့် ဘောလုံး လောင်းကစားပွဲများ ပါဝင်ကြောင်း သိရသည်။

.

ညောင်ရွှေမြို့နယ် အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ဒေသအချို့တွင် လောင်းကစားဝိုင်း ပြုလုပ်မှုများ ရှိနေပြီး ဖမ်းဆီးအရေးယူမှု မရှိသလောက် နည်းပါးကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

No comments:

Post a Comment

Pages