ဝန်ထမ်း အမျိုးသမီးငယ်ကို သတ်ဖြတ်ခဲ့သည့် ပီတာဘားပိုင်ရှင် ရှမ်းရှေ့တွင် အဖမ်းခံ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, May 6, 2026

ဝန်ထမ်း အမျိုးသမီးငယ်ကို သတ်ဖြတ်ခဲ့သည့် ပီတာဘားပိုင်ရှင် ရှမ်းရှေ့တွင် အဖမ်းခံ


ရှမ်းပြည်နယ် မြို့တော်၊ တောင်ကြီးမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်မှ မိန်းကလေးငယ်ကို ဦးနှောက် သွေးကြောပေါက် သေဆုံးသည်ထိ ညှင်းပန်းနှိပ်စက်၍ သတ်ဖြတ်ခဲ့သည့် ဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာ သည် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ယနေ့ မေလ ၆ ရက်၊ ညနေပိုင်းတွင် အဖမ်းခံခဲ့ကြောင်း သိရသည်။

.

ထွက်ပြေးတိမ်းရှောင်နေတဲ့ အောင်မျိုးသူ(ခ) ပီတာ ဟာ ပြစ်မှုကို နောင်တရပြီး တုံတာနယ်မြေရဲစခန်းမှာ လာရောက် အဖမ်းခံခဲ့ပါတယ်။” ဟု ကျိုင်းတုံမြို့မှ သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

.

အောင်မျိုးသူ (ခ) ပီတာ သည် ကျိုင်းတုံခရိုင်၊ တုံတာမြို့၊ နယ်မြေရဲစခန်းတွင် ဖမ်းဆီးခံခဲ့ခြင်း ဖြစ်ပြီး လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ပြီးပါက ရှမ်းပြည်နယ် အရှေ့ပိုင်းမှ တောင်ကြီးမြို့ မြို့မရဲစခန်းသို့ လွှဲပြောင်း ခေါ်ဆောင်လာမည် ဖြစ်ကြောင်း သိရသည်။

.

Peter ဘားဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာ သည် မေလ ၄ ရက်၊ ညပိုင်းက သေဆုံးသူ အမျိုးသမီးငယ် အား စားသောက်ဆိုင်အတွင်း လာရောက်စားသောက်သည့် ဧည့်သည်မှ မုန့်ဖိုးပေးအပ်ခဲ့သည်ကို ၎င်းအား ပြောပြမှု မရှိခြင်းကြောင့် ဟုဆိုကာ ထိုးကြိတ်၊ ရိုက်နှက် ညှဉ်းပန်းခြင်းများ ပြုလုပ်ခဲ့ရာမှ အမျိုးသမီးငယ်မှာ ရရှိ ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


ဆက်စပ်သတင်းများ -


https://url-shortener.me/LX3B

https://url-shortener.me/LVWN




No comments:

Post a Comment

Pages