Netflix ရဲ့ ရှိုးအသစ်မှာ လီဂွမ်ဆူနဲ့ ပြန်လက်တွဲမယ့် ယူဂျယ်ဆော့ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Wednesday, May 13, 2026

Netflix ရဲ့ ရှိုးအသစ်မှာ လီဂွမ်ဆူနဲ့ ပြန်လက်တွဲမယ့် ယူဂျယ်ဆော့


လာမည့် မေလ ၂၆ ရက်နေ့မှာ စတင်ထုတ်လွှင့်မယ့် Netflix ရဲ့ Variety Show အသစ် “Jae Seok’s B&B Rules” မှာတော့ Running Man မှာ အတွဲညီခဲ့ကြတဲ့ ယူဂျယ်ဆော့နဲ့ လီဂွမ်ဆူ အတွဲကို ပရိသတ်တွေ ပြန်မြင်ရတော့ မှာပါ။

.

ယူဂျယ်ဆော့အတွက်တော့ သူ့ရဲ့ ဖျော်ဖြေရေးသမားဘဝမှာ ပထမဆုံးအနေနဲ့ တည်းခိုခန်းတစ်ခုကို စီမံခန့်ခွဲဖို့ လက်ခံထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

.

ယူဂျယ်ဆော့နဲ့အတူ ပါဝင်လာမယ့်အဖွဲ့ဝင်တွေအဖြစ် လီဂွမ်ဆူ၊ ဗြောင်ဝူဆော့၊ ဂျီရယ်အွန်း တို့ ပါဝင်လာကြမှာဖြစ်ပြီး တည်းခိုခန်းကို လာရောက်ကြမယ့် ဧည့်သည်တွေနဲ့ ရယ်မောစရာအချိန်တွေ၊ ရှုပ်ယှက်ခတ်နေတာတွေနဲ့ အမှတ်တရတွေကို ဖန်တီးသွားကြမှာပါ။

.

ပိုစတာပေါ်မှာတော့ “ဧည့်သည်ကဘုရင် ဆိုပေမယ့်၊ ကျွန်တော်လည်း ဘုရင်ပဲ” ဆိုတဲ့ စာသားနဲ့အတူ လာတည်းတဲ့ ဧည့်သည်တွေကို စိတ်ညစ်အောင် လုပ်မယ်ဆိုတဲ့အကြောင်း ယူဂျယ်ဆော့က ကြိုတင် အသိပေးထားလိုက်သလိုပါပဲ။

.

ရှိုးရဲ့အစီအစဉ်တွေထဲမှာတော့ မနက်အိပ်ယာနိုးတာနဲ့ စမယ့် စိန်ခေါ်မှုတွေ၊ မနက်ခင်း ယောဂအစီအစဉ်၊ ဉာဏ်စမ်းအစီအစဉ်၊ မီးပုံပွဲ၊ စွမ်းရည်ပြပွဲ၊ ပြင်ပလှုပ်ရှားမှုတွေကို ပြုလုပ်ကြရမှာဖြစ်ပါတယ်။.အချိန်ဇယားက အရမ်းပြည့်နေတဲ့အတွက် ၂ ည အိပ် ၃ ရက် အစီအစဉ်နဲ့ ရိုက်ကူးရမှာဖြစ်ပြီး လွယ်ကူတဲ့ ရှိုးတစ်ခုတော့ မဟုတ်ခဲ့ပါဘူး။

.

ဒါ့အပြင် တချိန်က နာမည်ကျော် ပေါ့ပ်ဘုရင်မ လီဟိုးရီ နဲ့ သူမရဲ့ခင်ပွန်းဖြစ်တဲ့ တေးရေးဆရာ၊ အဆိုတော် လီဆန်းဆွန်း တို့ကလည်း ရှိုးရဲ့တစ်စိတ်တစ်ဒေသအဖြစ် ပါဝင်လာဦးမှာပါ။

.

ယူဂျယ်ဆော့နဲ့ လီဂွမ်ဆူတို့ အတွဲဆိုတာနဲ့တင် ပြောစရာမလိုတော့တာမို့ မေ ၂၆ မှာ လာမယ့် ဒီ ရှိုးလေးကို ရင်ခုန်လိုက်ကြပါဦးနော်။

No comments:

Post a Comment

Pages