ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် ယမန်နေ့ မေလ ၃၁ ရက်၊ နံနက်ပိုင်းက စိတ်ကြွ ရူးသွပ်ဆေးပြား ၅၈၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
ညောင်ရွှေမြို့၊ သာစည်ရပ်ကွက်နေ ကျော်ကျော်ဦး (ခ) ကျော်ဦး ၏ နေအိမ်သို့
ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက် ရှာဖွေစဉ် ၎င်းအား
နေအိမ် အိပ်ယာပေါ်တွင် မူးယစ်ဆေးဝါး သုံးစွဲလျက်
တွေ့ရှိရပြီး အိပ်ရာ ခေါင်းရင်း၌ WY စာတမ်းပါ
ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၅၈၀၀ ပြား၊ ဖန်ပုလင်းငယ်
အတွင်း၌ စိတ်ကြွဆေးပြား ၅၀ ပြား၊ မူးယစ် ဆေးဝါး
သုံးစွဲထားသော ငွေရောင်ခဲစက္ကူအပိုင်းအစ ၁ ခု၊ မူးယစ်ဆေးဝါးသုံး စွဲရာတွင်
အသုံးပြုသည့် ကော်ဘူး ၁ ဘူးတို့အား သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများအား သုံးစွဲ/ရောင်းချရန်အလို့ငှာ
လက်ဝယ်ထားရှိသူ ကျော်ကျော်ဦး (ခ)ကျော်ဦး အား ညောင်ရွှေမြို့မရဲစခန်းတွင်
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသေ ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း
သိရသည်။
.
#KBZTai #Shan #NyaungShwe #Drugs

No comments:
Post a Comment