တာချီလိတ်မြို့နယ်တွင် အွန်လိုင်းလိမ်လည်လောင်းကစား ပြုလုပ်သူ ၃၁ ဦး ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, June 3, 2026

တာချီလိတ်မြို့နယ်တွင် အွန်လိုင်းလိမ်လည်လောင်းကစား ပြုလုပ်သူ ၃၁ ဦး ဖမ်းမိ


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာတွင် ယမန်နေ့ ဇွန်လ ရက်၊ နံနက်ပိုင်းက အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူများကို ၃၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.
တာချီလိတ်မြို့အနီး၊ ဝမ်လုံးကျေးရွာရှိ စဝ်နွဲ့ (ခ) စဝ်နွဲ့လင်း ပိုင်ဆိုသည့် နေအိမ်အတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ပြုလုပ်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေစစ်ဆေးရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ မြန်မာနိုင်ငံသားအမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း ၃၁ ဦးတို့အား Destop ၅၈ လုံး၊ System ပုံး ၆၀ လုံး၊ ဖုန်းမျိုးစုံ ၆၀ လုံး၊ စားပွဲ ၂၀ လုံး၊ ထိုင်ခုံ ၅၄ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။။
.
အဆိုပါ ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ပြီး တည်ဆဲဥပဒေများနှင့်အညီ ထိရောက် ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကာ သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
.
#KBZTai #Shan #Tachileik
.

 

No comments:

Post a Comment

Pages