ရီးယဲလ်အသင်းရဲ့ ဥက္ကဌ ရွေးချယ်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၇
ရက်နေ့မှာ ပြုလုပ်တော့မှာပါ။ လက်ရှိ ဥက္ကဌ ပီရက်ဇ်က သူ့ကို စိန်ခေါ်လာတဲ့
စီးပွားရေးလုပ်ငန်းရှင် ရီကွယ်မီးနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ၂၀၀၆ ခုနှစ် နောက်ပိုင်း
ပထမဆုံးအကြိမ် အမှန်တကယ် ယှဉ်ပြိုင်ရမယ့် ဥက္ကဌ ရွေးကောက်ပွဲလည်း ဖြစ်လာခဲ့ပါတယ်။
.
ပီရက်ဇ်က ၂၀၀၉ ခုနှစ်ကတည်းက အသင်းကို ဦးဆောင်လာတဲ့ လက်ရှိဥက္ကဌ ဖြစ်ပြီး
ရီကွယ်မီးကတော့ အပြောင်းအလဲတွေ လုပ်မယ်လို့ ကတိပေးနေတဲ့ လူငယ်လုပ်ငန်းရှင် တစ်ယောက်ပါ။
.
လာလီဂါမှာတော့ ပီရက်ဇ် ဆိုတဲ့အသံ ကြားတာနဲ့ အရှိန်အဝါ တစ်ခု
ဖြစ်နေရအောင်ကို ရီးယဲလ်နဲ့အတူ ပီရက်ဇ်က တည်ဆောက်ထားခဲ့တာပါ။ ကစားသမားဆိုရင်လည်း
ပီရက်ဇ် သာ လိုချင်ပြီဆို တန်ကြေး ဘယ်လောက် ဖြစ်ဖြစ်၊ ဘယ်အသင်းကပဲ ဖြစ်ဖြစ် ရအောင်
ခေါ်နိုင်တယ်ဆိုတာ သမိုင်းကြောင်းတွေ ရှိခဲ့ပြီးသားပါ။
.
ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပီရက်ဇ်ရဲ့ ကတိစကားတွေက လက်ရှိ
စီမံခန့်ခွဲမှုပုံစံကို ဆက်ထိန်းမယ်၊ ဘဏ္ဏာရေး တည်ငြိမ်အောင်လုပ်ပြီး အသင်းကို
အင်အား ထပ်ဖြည့်မယ် ဒီလောက်ပါပဲ။ ဒါပေမယ့် ပီရက်ဇ်က သူပြောတဲ့ စကားတွေ တည်ကြောင်း ပြသနိုင်ခဲ့သူ
ဖြစ်သလို လက်ရှိမှာလည်း မော်ရင်ဟို ကို ခေါ်ပြီးပါပြီ။ ဒါ့အပြင် ခံစစ်အတွက် အင်တာ နောက်ခံလူ
ဒမ်ဖရီးစ် ကိုလည်း ခေါ်ပြီးပါပြီ။ လီဗာပူးလ်နောက်ခံလူ ကိုနာတေး ကလည်း ရီးယဲလ်ဆီ ပြောင်းလာဖို့
လက်တစ်ကမ်းပဲ လိုပါတယ်။
.
ရီကွယ်မီးကတော့ ပရိသတ်နဲ့ အသင်းကြား ဆက်ဆံရေး ကောင်းအောင်လုပ်မယ်။
ဟာလန်းနဲ့ရိုဒရီ ကို ခေါ်ပေးမယ်။ နည်းပြနေရာအတွက် ဂျာဂန်ကလော့ပ်ကို ခေါ်မယ်ဆိုတဲ့
ကတိတွေ ပေးထားတာပါ။ ဒါပေမယ့် လက်ရှိ အချိန်မှာတော့ ဟာလန်းအနားကိုတောင်
မကပ်နိုင်သေးသလို ရိုဒရီနဲ့လည်း ဘာဆွေးနွေးမှုမှ ရှိ မထားပါဘူး။ ကလော့ပ်ဆိုရင်တော့
ဝေလာဝေးပေါ့။
.
ဒီ အခြေအနေတွေမှာ ဥက္ကဌ ရာထူးကို ဘယ်သူရမလဲ ဆိုတာ သိပ်ပြီး
စဉ်းစားနေစရာတောင် မလိုတော့ပါဘူး။ အပြောင်းအလဲကို လိုလားသူ တချို့က ရီကွယ်မီး ကို
လိုချင်နေကြပေမယ့် တကယ်လက်တွေ့ကျပြီး ကစားသမား ခေါ်ယူမှုတွေကို တကယ် လုပ်နိုင်တာက
ပီရက်ဇ် ဖြစ်နေတာမို့ ဒီနှစ်ရဲ့ ရီးယဲလ်ဥက္ကဌရာထူးဟာ ပီရက်ဇ်ဆီကို ထပ်သွားဖို့
များနေတာပဲ ဖြစ်ပါတော့တယ်။
.
Source – ESPN
.
#KBZTai #Shan #Football #Realmadrid

No comments:
Post a Comment