ဖရန့်ခ်ဖတ်လေဆိပ်မှာ Boeing-787 လေယာဉ်တစ်စီး ရှေ့ဘီး ကျိုးကျပြီး ထိခိုက်ဒဏ်ရာ ရသူ များပြား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, June 5, 2026

ဖရန့်ခ်ဖတ်လေဆိပ်မှာ Boeing-787 လေယာဉ်တစ်စီး ရှေ့ဘီး ကျိုးကျပြီး ထိခိုက်ဒဏ်ရာ ရသူ များပြား



ဂျာမနီနိုင်ငံ၊ ဖရန့်ခ်ဖတ်လေဆိပ်မှာ မနေ့ ဇွန်လ ၄ ရက်က လေဆိပ်မှာ ရပ်နားထားတဲ့ Boeing-787 လေယာဉ်တစ်စီး ရှေ့ဘီးကျိုးကျ ပျက်စီးပြီးတော့ ထိခိုက်ဒဏ်ရာ ရရှိသူ များပြားခဲ့တယ်လို့ သိရပါတယ်။
.
မတော်တဆမှု ဖြစ်ခဲ့တဲ့ လေယာဉ်ဟာ လုဖ်သန်ဆာ လေကြောင်းလိုင်းက လေယာဉ် ဖြစ်ပြီတော့ ခရီးသည်တွေ လေယာဉ်ပေါ် မတက်ရသေးတဲ့အတွက် ဝန်ထမ်းတွေပဲ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ လုဖ်သန်ဆာ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန် ပြောဆိုထားပါတယ်။
.
အဲဒီ မတော်တဆမှု ဖြစ်ပွားနေတဲ့အချိန်မှာ လေယာဉ်အမှုထမ်းတွေနဲ့ မြေပြင်ဝန်ထမ်းတွေသာ ရှိနေခဲ့တာ လို့ ဆိုပါတယ်။  ဝန်ထမ်းအချို့ ဒဏ်ရာရရှိခဲ့ပြီး လက်ရှိမှာ ဆေးဝါးကုသမှု ခံယူနေရပါတယ်” လို့ ကုမ္ပဏီဘက်က ပြောထားပါတယ်။
.
Boeing ကုမ္ပဏီပြောရေးဆိုခွင့် ရှိသူတစ်ဦးကလည်း ဖြစ်စဉ်ကို သိရှိထားပြီး လေယာဉ်ဝယ်ယူထားတဲ့ (သူတို့ဖောက်သည်) လေကြောင်းလိုင်းကို ကူညီပံ့ပိုးပေးနေတယ်လို့ ပြောပေမဲ့ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။
.
မြင်တွေ့ခဲ့ရတဲ့ ဓါတ်ပုံတွေရ လေယာဉ်ကိုယ်ထည်ရဲ့ ရှေ့ပိုင်းတစ်ခုလုံးဟာ မြေပြင်နဲ့ နီးကပ်နေပြီးတော့ အဲဒီ လေယာဉ်အနီးမှာ အရေးပေါ်ကယ်ဆယ်ရေးယာဉ် အများအပြားကိုလည်း တွေ့ရပါတယ်။
.
အဲဒီဖြစ်စဉ်ဟာ ကြာသပတေးနေ့ ဂျာမနီစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီ လေယာဉ်ဟာ လော့စ်အိန်ဂျလိစ်မြို့ကို ပျံသန်းမယ့် လေယာဉ်ခရီးစဉ်အမှတ် LH450 ဖြစ်တယ်လို့ သိရပါတယ်။
.
လက်ရှိမှာ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့အတူ ဖြစ်ပွားရတဲ့ အကြောင်းရင်းအတိအကျကို စုံစမ်းစစ်ဆေး နေပါတယ်” လို့ ကုမ္ပဏီက ပြောဆိုထားပါတယ်။
.
Source – Reuters
.
#KBZTai #International #Germany

No comments:

Post a Comment

Pages