ရုရှားမှာ စီးပွားရေးဆွေးနွေးပွဲ လုပ်နေတဲ့ ၃ ရက်အတွင်း ယူကရိန်းက ရာချီတဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, June 7, 2026

ရုရှားမှာ စီးပွားရေးဆွေးနွေးပွဲ လုပ်နေတဲ့ ၃ ရက်အတွင်း ယူကရိန်းက ရာချီတဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်


ရုရှားနိုင်ငံမှာ နိုင်ငံတကာ စီးပွားရေးဆွေးနွေးပွဲ ပြုလုပ်နေတဲ့ ၃ ရက်တာ ကာလအတွင်းမှာ ယူကရိန်းက ရာချီတဲ့ ဒရုန်းတွေကို စေလွှတ် တိုက်ခိုက်ခဲ့ပြီး စိန့်ပီတာစဘတ်၊ ခရိုင်းမီးယား၊ အာဇော့ဗ်ပင်လယ်၊ ပင်လယ်နက် အပါအဝင် နယ်မြေ ၁၆ ခုနဲ့အထက်ကို တိုက်ခိုက်ခဲ့တယ်လို့ ရုရှားစစ်ဖက်က ကြေညာလိုက်ပါတယ်။

.
ရုရှားရဲ့ မြို့ကြီးတွေ အပါအဝင် နယ်မြေ အများစုကို တိုက်ခိုက်ခဲ့တဲ့ ယူကရိန်းရဲ့ ဒရုန်း ၃၀၀ ကျော်ကို ပစ်ချနိုင်ခဲ့တယ်လို့လည်း ရုရှားဖက်က ထုတ်ပြန်ထားပါတယ်။ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲအပြီးမှာ စိန့်ပီတာစဘတ်မြို့ကို အကြီးစားဒရုန်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် မြို့နေလူထုကို အိမ်အပြင် မထွက်ကြဖို့ သတိပေးမှုတွေ ပြုလုပ်ခဲ့ကြရပါတယ်။
.
ရုရှားသမ္မတ ပူတင် က ဇီလန်းစကီးနဲ့ လူချင်းတွေ့ပြီး ဆွေးနွေးဖို့ မရှိတဲ့အကြောင်း ပြောဆိုပြီးတဲ့နောက် နှစ်ဖက်စလုံးရဲ့ တိုက်ခိုက်မှုတွေက ပိုမို ပြင်းထန်လာနေခဲ့ပြီး ရုရှားလေကြောင်း ကာကွယ်ရေးစနစ်တွေက ယူကရိန်းရဲ့ ရာချီတဲ့ ဒရုန်းတွေကို ပစ်ချခဲ့ရတာပါ။
.
စိန့်ပီတာစဘတ်မြို့ တစ်ခုတည်းမှာတင် ယူကရိန်းရဲ့ ဒရုန်းအရေအတွက် ၈၆ စင်းကို ၃ ရက်အတွင်း ပစ်ချခဲ့ရပြီး တိုက်ခိုက်ရေး လုပ်ငန်းစဉ်တွေ ဆက်လက် ရှိနေဦးမယ်လို့ ရုရှားစစ်ဖက်က ခန့်မှန်းထားပါတယ်။
.
ဇီလန်းစကီးကတော့ သူတို့ရဲ့ ဒရုန်းတွေက ရုရှားရဲ့ လက်နက်သိုလှောင်ရုံတွေနဲ့ စစ်အခြေစိုက်စခန်းတွေကို ပစ်မှတ်ထားတာ ဖြစ်တဲ့အကြောင်းနဲ့ ရေနံသိုလှောင်ရုံ တစ်ခုကို ထိမှန်ခဲ့တယ်ဆိုတဲ့အကြောင်း အသိ ပေးထားပါတယ်။
.
နိုင်ငံပေါင်း ၁၃၀ ကျော်က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတဲ့ နိုင်ငံတကာ စီးပွားရေး ဆွေးနွေးပွဲ ပထမနေ့မှာတင်ပဲ ယူကရိန်း ဒရုန်းတွေက ရုရှားရဲ့ ရေနံစက်မှုဇုန်နဲ့ အခြေစိုက်စခန်း တစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြတာပါ။
.
ယူကရိန်းဖက်မှာလည်း ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၅ ဦး ရှိခဲ့ပြီး ၃ ဦး ဒဏ်ရာ ရခဲ့တယ်ဆိုတဲ့အကြောင်း ယူကရိန်းစစ်ဖက်က ထုတ်ပြန်ထားပါတယ်။

.
Source – CNN

.
#KBZTai #Shan #Ukraine #Russia

No comments:

Post a Comment

Pages