ရှမ်းပြည်နယ်ရဲ့ ရင်သွေးငယ်များ ဖြစ်ကြတဲ့ တေရသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်
ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲရဲ့ ပထမဆု ရှင် မအိမ့်ချစ်သူ နဲ့ ထူးချွန်လူငယ်မောင်မယ်တွေရဲ့
အိမ်ပြန်ခရီးကို ကြိုဆိုဂုဏ်ပြုတဲ့ အနေနဲ့ ဒီနေ့ ဇွန်လ ၆ ရက်နေ့မှာ ကလောမြို့၊ အောင်ပန်းမြို့၊
ဟဲဟိုးမြို့၊ ရွှေညောင်မြို့၊ အေးသာယာမြို့၊ တောင်ကြီးမြို့တို့မှာ ဒေသခံပြည်သူတွေ
သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။
.
အစည်ကားဆုံးကတော့
မြို့တော်တောင်ကြီးမှာ ဖြစ်ပြီး အေးမြတဲ့ ရာသီဥတုရဲ့ မိုးဖွဲဖွဲ အောက်မှာ သပြေပန်းခက်နဲ့
ကြိုဆိုကြတဲ့ ပြည်သူတွေကို အများအပြား တွေ့မြင်ခဲ့ရပြီးတော့ မနက် ၉ နာရီက စတဲ့ ကြိုဆိုပွဲ
အခမ်းအနားဟာ ညနေ ၅ နာရီမှ ပြီးမြောက်တဲ့ထိ စည်ကားခမ်းနားလွန်းလှတာကိုလည်း တွေ့မြင်ရပါတယ်။
.
သုတစုံလင်
ဗုဒ္ဓဝင် ပထမဆုရှင် မအိမ့်ချစ်သူ ကိုသာမက ဗဟိုအဆင့် အလယ်တန်းအောင်မြင်သူ ၁၁ ဦး၊ မူလတန်းအဆင့်
စတုတ္ထ ရရှိသူ ၁ ဦး၊ ပြည်နယ်အဆင့် အောင်မြင်သူ ၄၃ ဦးတို့ဖြစ်တဲ့ ထူးချွန်လူငယ် မောင်မယ်တွေကိုပါ
ကြိုဆိုဂုဏ်ပြုတာ ဖြစ်ပါတယ်။ လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း မအိမ့်ချစ်သူတို့ သူငယ်ချင်းတစ်စုရဲ့
အနီရောင်ဝတ်စုံတွေက ပျံ့နှံ့နေလျက် ရှိပါတယ်။
.
#KBZTai #Shan #EaintChitThu #Taunggyi
.
Link
- https://shorturl.at/P8T4a
No comments:
Post a Comment